29 C
Yangon

ပေါက်မြို့နယ်ရှိ၊ ရွှေဘုံသာ ပျူစောထီးရွာကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ

Must read

ပေါက်မြို့နယ်ရှိ၊ ရွှေဘုံသာ ပျူစောထီးရွာကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၆

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရွှေဘုံသာ ပျူစောထီးရွာကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ပေါက်မြို့နယ် – မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘုံသာ ပျူစောထီးရွာကို PDF ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က မြေပြင် စစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ စစ်ကူ တိုက်ခိုက်မှုကြောင် ပျူစောထီးရွာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ရွှေဘုံသာရွာနှင့် ထိစပ်နယ်မြေဖြစ်သော စပန်ရွာထဲထိသာ ဝင်ရောက်နိုင်ခဲ့ပြီး ကင်းကုန်း ၃ ခုသာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ နံနက် ၉ နာရီဝန်းကျင်ခန့်၌ ၁ ကြိမ် လေကြောင်းဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ တပ်သား ၁ ဦးနှင့် ပျူစောထီး ၃ ဦးကို အရှင်ဖမ်းမိကာ MA 2 သေနတ်‌ ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စပါးမျောကျေးရွာမှ အမျိုးသား ၁ ဦးသေဆုံးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက်-မြိုင် တပ်ပေါင်းစု၊ Seven Star၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၁၊ ၁၂၊ ၁၅၊ ၁၆၊ ၁၈၊ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး-NPRFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပေါက်မြို့နယ် – မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article