32.5 C
Yangon

စစ်တပ်တွင် တာဝန်ထမ်းဆောင်နေရာမှ လက်နက်ချအညံ့ခံပြီးနောက် ပြည်သူလူထု၏ နွေးထွေးစွာ ကြိုဆိုမှု လက်ခံရရှိခဲ့သည့်အပြင် ဖမ်းဆီးနှိပ်စက်မှု လုံး၀ မရှိဟု ဗိုလ်ကြီး ရှိုင်းထက်အောင် ပြော

Must read

စစ်တပ်တွင် တာဝန်ထမ်းဆောင်နေရာမှ လက်နက်ချအညံ့ခံပြီးနောက် ပြည်သူလူထု၏ နွေးထွေးစွာ ကြိုဆိုမှု လက်ခံရရှိခဲ့သည့်အပြင် ဖမ်းဆီးနှိပ်စက်မှု လုံး၀ မရှိဟု ဗိုလ်ကြီး ရှိုင်းထက်အောင် ပြော

ရန်ကုန်၊ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံဒိုးဗျူဟာကုန်းတွင် ၂ လကျော်အကြာ ပိတ်ဆို့ခံထား ရပြီး ထိခိုက်သေဆုံးမှုများကာ မည်သို့မျှ ဖောက်ထွက်၍ မရတော့သဖြင့် လက်နက်ချအညံ့ခဲ့ရပြီးနောက် ပြည်သူလူထု၏ နွေးထွေးစွာ ကြိုဆိုမှု လက်ခံရရှိခဲ့သည့်အပြင် ဖမ်းဆီးနှိပ်စက်မှု လုံး၀ မရှိကြောင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ရှိုင်းထက် အောင်က ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညနေ ညနေ ၆ နာရီအချိန်တွင် NUG ၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည့် “စစ်သုံ့ပန်းတို့စကား ပြည်သူကြားစေ” အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘာလို့ လက်နက်ဒီလိုလက်နက်ချဖို့ ဆုံးဖြတ်လိုက်လဲဆိုရင် ကျနော်တို့ စပြီးတော့ ပိတ်ခံထားရတာ ၁ လပိုင်း ၂၇ ရက်နေ့ပေါ့၊ အဲဒီကနေစပြီး ဒီရက်တွေထဲ တိုက်ပွဲတွေဖြစ်ပြီးတော့ ၃ လပိုင်း ၁၄ ရက် နေ့မှာ ကျနော်တို့လက်နက်ချခဲ့တာ။ အဲဒီအချိန်ကာလအတွင်းမှာ စစ်သည်တွေက စားတာ သောက် တာတွေလည်း နည်းနည်းအခက်အခဲရှိတာပေါ့၊ ပြီးရင် ပင်ပန်းတာလည်းပါတာပေါ့။ အိပ်ရေးတွေ ဘာတွေပျက် အဲဒီလိုတွေဖြစ်ပြီးတော့ တကယ့်တကယ်တိုက်ပွဲလည်းဖြစ်ရော ထိခိုက်တာတွေလည်း ရှိတယ်၊ ကျဆုံးတာတွေလည်းရှိတယ်။ ပြီးလို့ရှိရင် အဲလိုမျိုးဒဏ်ရာရတဲ့ လူနာတွေများလာတဲ့ အ တွက်ကြောင့်မို့ အဲဒါကလည်းတစ်ချက်ပေါ့နော်။ နောက်တစ်ချက်ကကျတော့ ဖောက်ထွက်ဖို့ လည်း ဘယ်လိုမှ အဆင်မပြေတော့တဲ့အနေအထားရောက်နေပြီ။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော် တို့အား လုံးတိုင်ပင်ပြီး အကောင်းဆုံးဖြစ်မယ့်လမ်းကိုရွေးခဲ့တာပါ။ ဒီလို လက်နက်ချအညံ့ခံတဲ့ကိစ္စပတ်သက် ပြီး တော့ တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာ ဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့၊ ကျနော်တို့အဓိက သစ္စာ စောင့်သိရမှာက ကျနော်တို့ပြည်သူ လူထုရဲ့ အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့။ ကျနော်တို့ ဒီလို လက်နက်ချ အညံ့ခံပြီးတဲ့နောက်မှာ ဒီ ဘက်က ပြည်သူလူထုကလည်းနွေးထွေးစွာကြိုဆိုတယ်။ အဲအတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီလို လုပ်ခဲ့တဲ့ ရွေးခဲ့တဲ့လမ်းကတော့ မမှားဘူးလို့ ထင်ပါတယ်။” ဟု ဗိုလ်ကြီး ရှိုင်းထက်အောင်က ပြော ကြားသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ဗျူဟာစခန်းသိမ်းတိုက်ပွဲ၌ လက်နက်ချ အ ဖမ်းခံခဲ့သူ ဗိုလ်ကြီးရှိုင်းထက်အောင်သည် ဦးစီးအရာရှိ တတိယတန်း၊ စစ်ရေး စစ်ထောက်တာဝန် ယူထားသူဖြစ်ပြီး လက်နက်ချအညံ့ခြင်းမပြုခင်အချိန်က ထိုးကြိတ်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ စိုးရိမ်မှုရှိခဲ့ကြောင်း၊ ထိုသို့ စိုးရိမ်မှုရှိခဲ့သော်လည်း လက်တွေ့တွင် လုံးဝ၊ လုံးဝမရှိခဲ့ပဲ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။

“လက်နက်မချခင်ကတော့ လက်နက်ချရင် ဘာဖြစ်လဲဆိုတာ ကျနော်တို့အတွေးထဲမှာရှိတာက ကျ နော် တို့ လက်နက်ချလိုက် အဖမ်းခံလိုက်ရရင် ထိုးတာ ၊ ကြိတ်တာ ၊ နှိပ်စက်တာတို့ နောက်ဘိတ်ဆုံး သတ်တာ ပြုတာတွေရှိလာနိုင်တဲ့အတွက်ကြောင့် ကျနော်တို့တွေးခဲ့တာပေါ့။ တကယ့်တကယ် တမ်း လက်နက်ချ အဖမ်းခံပြီးတဲ့နောက်ပိုင်းမှာတော့ ဒါမျိုးမရှိခဲ့ပါဘူး။ လုံးဝလည်းမရှိပါဘူး။ ဒါက တစ် ချက်။ လက်နက်ချအဖမ်းခံပြီးတဲ့အချိန်မှာလည်း ကျနော်တို့ကို ဖမ်းဆီးချုပ်နှောင်ထားခြင်းလည်း မရှိပါဘူး။ ဒါ့အပြင်နေရာထိုင်ရာတာလည်း အစစအရာရာ အဆင်ပြေပါတယ်။စားတာ သောက် တာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့ကို တစ်ပတ်မီနူးနဲ့ပြောမယ်ဆိုရင် အသား တစ်ရက် ကျွေးတယ်၊ ပြီးရင် ကြက်ဥတို့၊ ငါးတို့ ဒီကခြံကထွက်တဲ့အသီးအနှံတို့ကိုကျွေးတယ်။ ကျွေးတဲ့အတွက် နေရထိုင်ရတာရော စားတာသောက်တာရော အားလုံးအဆင်ပြေပါတယ်။” ဟု ဗိုလ်ကြီး ရှိုင်းထက် အောင် က ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article