32.5 C
Yangon

ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် တိုက်ပွဲ အပြင်းအထန် ပြန်ဖြစ်၊ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံး

Must read

ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် တိုက်ပွဲ အပြင်းအထန် ပြန်ဖြစ်၊ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် တိုက်ပွဲများ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်မှ ယနေ့ နံနက်ပိုင်းအထိ တောက်လျှောက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလဆန်းပိုင်းမှစတင်ခဲ့သော ဖားကန့်၊ ဆိုင်းတောင် တိုက်ပွဲသည် ၅ ရက်ဝန်းကျင်ခန့် ခေတ္တရပ်နားနေပြီးမှ ယနေ့ ပြန်လည်စတင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖားကန့်တပ်မကုန်းကနေလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ကူနေတယ်။ တစ်ညလုံးတိုက်ပွဲတွေ ပြင်းထန်နေတယ် ။ အဲဒီလို အခြေအနေရှိတယ်။ ဒီမနက်က တပ်မကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးက ဖားကန့်မြို့မ ရပ်ကွက် ဖားကန့်ကျောက်ဝိုင်း မိသားစုလက်ဖက်ရည်ဆိုင်နားမှာ ကျတယ်။ ဒေါ်ခင်မာရီ ဆိုတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ကျည်အစမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ ဖားကန့် တပ်မကုန်းက လက်နက်ကြီးနှင့် ပစ်ခတ်နေ၍ ဖားကန့်မြို့တွင် ကျန်ရှိနေသော ပြည်သူအားလုံး စိုးရိမ်ထိတ်လန့်နေကြောင်း၊ ဆိုင်းတောင် Lucky Man ဟိုတယ်နှင့် ဘေးနားရှိ KTV တွင်လည်း အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ပြည်သူ့စစ်များ ရှိနေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်မည့်အလားအလာရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article