28 C
Yangon

စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများအနီး နေထိုင်သော ပြည်သူများ တစ်ပတ်အတွင်း ပြောင်းရွေ့ရန် မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး

Must read

စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများအနီး နေထိုင်သော ပြည်သူများ တစ်ပတ်အတွင်း ပြောင်းရွေ့ရန် မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး

ရန်ကုန်၊ အောက်တိုဘာ ၇

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများအနီး နေထိုင်သော ပြည်သူများ တစ်ပတ်အတွင်း ပြောင်းရွေ့ကြရန် မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၇ ရက်နေ့မှစ၍ စလင်းမြို့နယ်အတွင်း စစ်ရေးဆိုင်ထားသော လင်းဇင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာနေ ပြည်သူများကို အကာအကွယ် ပြုလုပ်၍ လုပ်ကိုင် ဆောင်ရွက်နေခြင်းကြောင့် ပြည်သူများသည် ကျေးရွာအတွင်း နေထိုင်ခြင်း မပြုလုပ်ကြပါရန် အသိပေး ထုတ်ပြန်ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက ပြောဆိုသည်။

အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်၏ တရားဝင် PDF တပ်ရင်းများ ဖြစ်သော စလင်း အခြေစိုက် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် အမှတ် ၅ တပ်ရင်းတို့သည် မင်းဘူးခရိုင်အတွင်း မိမိအစိုးရ၏ ထိန်းချုပ်နယ်မြေ၊ စိုးမိုးနယ်မြေ ရရှိနိုင်ရေးအတွက် ယခုကာလများအတွင်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေချိန်တွင် အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့၏ အခြေစိုက် နေရာယူ စခန်းချထားသော နေရာများရှိ ပြည်သူလူထုကို အကာအကွယ်ယူကာ တိုက်ခိုက်ချေမှုန်းမခံရစေရန် ပြုလုပ်ထားပြီး လူသားဒိုင်းပြုလုပ်ကာ ဆောင်ရွက် နေခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် PDF အဖွဲ့အစည်းများအနေဖြင့် အတတ်နိုင်ဆုံး ကြိုတင်အသိပေး သတိပေးဆောင်ရွက်ချက်များ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article