31 C
Yangon

ဂန့်ဂေါ ခလရ ၅၀ တပ်ရင်းမှ ပင်လည်ဘူးသို့ စစ်ကူသွားသော ဗိုလ်မှူး ဖြိုးကိုကိုဦး အပါအဝင် စစ်သား ၁၀ ဦး တိုက်ပွဲတွင် ထပ်မံသေဆုံးမှု စစ်တပ်က သတင်းမပေါက်ကြားရန် လျှို့ဝှက်ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သို့ စစ်ကူသွားသော ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ 2IC အဆင့်ရှိသူ ဗိုလ်မှူး ဖြိုးကိုကိုဦးအပါ အဝင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး ထပ်မံသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် ယောအ လင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်မှ အကြမ်းဖက်စစ်သားများကို ရဟတ်ယာဉ် ၂ စီးဖြင့် စစ်ကူအဖြစ် လာရောက်ခေါ်ဆောင်ခဲ့ပြီး ပင်လည်ဘူးမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ စက် တင်ဘာလ ၂၇ ရက်နေ့ ဗိုလ်မှူးခန့်မင်းကို အပါအဝင် စစ်သား ၅ ဦး တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး စက်တင်ဘာလ ၂၉ ရက် နေ့တွင်လည်း ဗိုလ်မှူး ဖြိုးကိုကိုဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“သေတာကို အပြင်မပေါက်အောင်ဆိုပြီး ဗျူဟာမှူးက သတင်း ထိန်းထားတာ။ ခန့်မင်းကို (ဗိုလ်မှူး) သေတုန်းက လည်း သူတို့က သတင်းမပေါက်အောင် ထိန်းချုပ်ထားတာ။ အခု 2IC (ဗိုလ်မှူး ဖြိုးကိုကိုဦး) သေတဲ့ သတင်းကို စက်တင် ဘာလ ၂၉ ရက်နေ့ကတည်းက ရတယ်။ အခုမှ သေတာ သေချာပြီဆိုတဲ့ အတည်ပြုချက်ရတာပါ။ ဗိုလ်မှူး ခန့်မင်းကို သေတုန်းက သူ့ကောင်မလေးက ဖေ့ဘုတ်စ် တင်လိုက် တော့ အတည်ပြုလို့ရသွားတာ။ အခု အဲဒီတစ်ယောက်ဆိုရင်အခု ပရိုင်ဖိုင် လော့တွေချ၊ နာမည်တွေ ပါ ပြောင်းသွားပြီ၊ တပ်ရင်းထဲမှာဆိုလည်း သူ့မယုံကြည်၊ ကိုယ့်မယုံကြည်နဲ့ ဖြစ်နေကြတယ်လို့ သိရ တယ်။ ဖုန်းသုံးတာတွေလည်း တင်းတင်းကျပ်ကျပ်လုပ်လာတယ်” ဟု ယော အလင်းတန်းမှ ကိုဘ ကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

2IC အဆင့်ရှိသူ ဗိုလ်မှူး ဖြိုးကိုကိုဦးသည် စက်တင်ဘာလ ၂၇ ရက်နေ့ကတည်းက ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကုသရန် ဆေးမရှိသဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ဂန့်ဂေါ မြို့ အခြေစိုက် ခလရ ၅၀ တပ်အတွင်းမှ စစ်ကူစစ်သားများ ပင်လည်ဘူးမြို့တိုက်ပွဲတွင် သေဆုံးသွား သည်မှာ စစ်သား ၁၀ ဦးကျော်ရှိနေပြီဖြစ်သော်လည်း အမည်၊ အဆင့် တိတိကျကျ သိရှိရခြင်း မရှိဟု ယောအလင်းတန်းမှ ကိုဘကောင်း က ရှင်းပြသည်။

ဓာတ်ပုံ – ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အသုဘမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အသုဘမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article