31 C
Yangon

NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ မန္တလေးပြည်သူ ထောင်ချီ၍ လိုက်ပါ ပို့ဆောင်၊ အမေရိကန်နှင့် TNLA တို့ကလည်း ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်များ ထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မန္တလေးတွင် ယနေ့ နံနက်ပိုင်း ပြုလုပ်သည့် NLD ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ မန္တလေးပြည်သူ ထောင်ချီ၍ လိုက်ပါ ပို့ဆောင်ကြကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ တောင်အင်းမြောက်အင်း သုဿာန်သို့ သွားရောက်ပို့ကြသည့် ဒေါက်တာဇော်မြင့်မောင် ၏ နာရေးသို့ ပြည်သူလူထု ထောင်ပေါင်းများစွာက ဆိုင်ကယ်များ၊ ကားများဖြင့် လိုက်ပါ ပို့ဆောင်ကြကြောင်း၊ လမ်းတစ်လျှောက် ပြည်သူများကလည်း အိမ်များမှ ထွက်၍ ကြိုဆို နောက်ဆုံးနှုတ်ဆက်ကြပြီး ဆိုင်ကယ်များက ဟွန်းများတီးခြင်း၊ ကားများကလည်း ဟွန်းများတီး၍ လည်းကောင်း ရုပ်ကလပ်သယ်ဆောင်ရာတစ်လျှောက် ဂုဏ်ပြု နှုတ်ဆက်ကြကြောင်း သိရှိရသည်။

“ဆိုင်ကယ်တွေ ကားတွေက အတော်ကိုများပါတယ်။ နာရေး ကားရှေ့မှာကို ဆိုင်ကယ် အုပ်လိုက်ကြီး လမ်းအပြည့်ပဲ။ နောက်ကလည်း ကားတွေနဲ့လိုက်ကြတယ်။ ရုပ်ကလပ် သယ်ဆောင်တဲ့ လမ်းတစ်လျှောက်လည်း ပြည်သူတွေက ထွက်ပြီး နှုတ်ဆက်ကြတယ်။ ဆိုင်ကယ်တွေကလည်း ဟွန်းတွေတီးကြတယ်။ ပရဟိတက ကားတွေကလည်း အရေးပေါ် အချက်ပေးအသံတွေ ဖွင့်ထားကြတယ်။ ဝမ်းနည်းစရာကြီးဗျာ။ ကျနော်တို့ မန္တလေးဝန်ကြီးချုပ်နာရေးက ဝမ်းနည်းစရာကြီး” ဟု မန္တလေးမြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၃ နာရီတွင် ကွယ်လွန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် နာရေးဈာပန ပြုလုပ်နေခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် အမေရိကန်ပြည်ထောင်စုက စိတ်ထိခိုက်ရပြီး အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရာတွင် အရေးပါသော ကဏ္ဍမှပါဝင်ခဲ့သော ဒေါက်တာဇော်မြင့်မောင်သည် အမေရိကန်ပြည်ထောင်စု၏ အဖိုးတန် မိတ်ဘက်တစ်ဦးဖြစ်ကြောင်း ယနေ့ နံနက်ပိုင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်။

တစ်ဆက်တည်း နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံရေးဖြစ်စဉ်များတွင် လွတ်လပ်စွာ ပါဝင်နိုင်ကြရပါမည်ဖြစ်ပြီး မတရားဖမ်းဆီးထားသူများကို ချက်ခြင်းလွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် သက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်သွားပါရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုသည်။

အလားတူ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA ကလည်း အမျိုးသားဒီမိုကရေစီအဖွဲချုပ် – NLD ၏ ဒုတိယဥက္ကဋ္ဌ ၂ ၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း၊ စစ်အာဏာရှင်များကို မဖြုတ်ချနိုင်ခြင်းကြောင့် မြန်မာ နိုင်ငံ သည် ကျရှုံးနိုင်ငံဖြစ်လာရပြီး ဒေါက်တာဇော်မြင့်မောင် ကဲ့သို့ နိုင်ငံ့ပညာတတ် လူပုဂ္ဂိုလ်များကို နေ့စဉ် ဆက်တိုက် ဆုံးရှုံးကြရခြင်းမှာ တိုင်းပြည်အတွက် အင်မတန် ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း သဝဏ်လွှာပေးပို့ ထုတ်ပြန်သည်။

Photo Credit- Voice of Mandalay၊ CJ ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article