33 C
Yangon

ရွှေဘိုထောင်တွင် ဗိုလ်မှူးကြီး အောင်အောင် အမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်မပြုဘဲ ပိတ်ပင်ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းထောင်အာဏာပိုင်များက တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင် အမိန့်ဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် ခွင့်မပြုဘဲ ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရွှေဘိုထောင်အကျဉ်းထောင်အာဏာပိုင်များက ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စ၍ နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးတော့ခြင်း ဖြစ်ကြောင်း ၊ ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်ပင်ထားသည်မှာ ၄ လကျော် ၅ လနီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း သိရှိရသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို စစ်အုပ်ချုပ်‌ရေးနဲ့ လုံခြုံရေးအကြောင်းပြပြီး မိသားစုဝင်တွေနဲ့ဧည့်တွေ့ခွင့်ကို မတရား ပိတ်ပင်ထားတာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အခွင့်အရေးတန်းတူမရဘဲ ခွဲခြားဆက်ဆံခံနေရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို အဓိက ဧည့်တွေ့ခွင့်ပိတ်ပင်မှုကို ပြုလုပ်ရန် ရွှေဘိုမြို့ရှိ တပ်နယ်မှူးမှ ဗိုလ်မှူးကြီးအောင်အောင်မှ ညွန်ကြားထားခြင်းဖြစ်ကြောင်း ၊ မိသားစုဝင်များက ထောင်ဝင်စာ ဧည့်တွေ့ခွင့်ပြုရန်အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အကျဉ်းဦးစီးဌာနက စာရွက်စာတမ်း တင်ပြရန်သာ ပြောဆိုကာ စာရွက်စာတမ်း တင်ပြလာချိန် အချက် အလက်မပြည့်စုံဟုဆိုကာ ဧည့်တွေ့ခွင့်မပြုကြောင်း သိရှိရသည်။

ရွှေဘိုထောင်တွင် ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ အခြားရာဇဝတ်မှုအကျဉ်းသားများကို မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များမှာမူ ဧည့်တွေ့ခွင့် မရကြကြောင်း၊ အကျဉ်းထောင်အတွင်း ခွဲခြားဆက်ဆံခံနေကြရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ထံမှ သိရှိရသည်။

ဓာတ်ပုံ – ရွှေဘိုထောင်တွင် ၂၀၂၀ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က လွတ်မြောက်လာသူတချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရွှေဘိုထောင်တွင် ၂၀၂၀ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က လွတ်မြောက်လာသူတချို့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article