34 C
Yangon

ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမား ၁ သိန်းကျော်ထံမှ လစဉ် လစာငွေ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီ၏ဘဏ်များထံသို့ ပြန်ပို့ပေးရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ထုတ် ဖိအားပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမား ၁ သိန်းကျော်ထံမှ လစဉ် လစာငွေ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီ၏ဘဏ်များထံသို့ ပြန်ပို့ပေးရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ထုတ် ဖိအားပေးနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားအရေ အတွက်ကို ပို့ဆောင်ပေးသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ ကောက်ယူခဲ့ပြီး MOU အလုပ်သမား ၁ သိန်းကျော် ပေးပို့ခဲ့ကြသည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဆိုပါ အလုပ်သမား ၁ သိန်းကျော်ထံမှ လစဉ် လစာ၏ ၂၅ ရာခိုင်နှုန်း မြန်မာနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ ဘဏ်များထံသို့ ငွေပြန်လွှဲပေးရေး ပို့ဆောင်ပေးခဲ့သော အေဂျင်စီများက မဖြစ်မနေ ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“MOU အလုပ်သမားတွေအားလုံးက လစဉ် လစာရဲ့ ၂၅ ရာခိုင်နှုန်း ကို ပြည်တွင်းမှာရှိတဲ့ စစ်ကောင်စီဘဏ်တွေဆီကို လွှဲအပ်ဖို့ ပို့ဆောင်ပေးတဲ့ အေဂျင်စီတွေက ဆောင်ရွက်ပေးရမယ်။ မဆောင်ရွက်ပေးရင် အေဂျင်စီတွေကို လိုင်စင်တွေပိတ်မယ်၊ အရေးယူမယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ ခြိမ်းခြောက်လာတယ်။ MOU အလုပ်သမား များများပို့ထားတဲ့သူက အလုပ် သမားတွေ လစာ ၂၅ ရာခိုင်နှုန်းကို ပြန်လွှဲဖို့ တာဝန်ယူရမှာပေါ့” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားဝင်ငွေ နည်းပါးနေချိန်တွင် ပြည်ပရောက် မြန်မာအလုပ်သမား သန်းချီထံမှ လစာပြန်လွှဲငွေ အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေများ ရရှိရေး အပြင်းအထန် ကြိုးစားနေကြောင်း၊ အခြားတစ်ဖက်တွင်လည်း အခွန်မဆောင်သော ၊ လစာများ ပြည်တွင်းသို့ ပြန်မလွှဲသော ပြည်ပရောက် မြန်မာအလုပ်သမားများကို နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမပေးခြင်း၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းများဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြန် ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article