30 C
Yangon

ကျောက်တံခါးနှင့် သရက်ချောင်း မြို့နယ်တို့တွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူသူများကို အရေးယူမည်ဟု PDF တပ်ဖွဲ့များ အသိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း၌ အကြမ်းဖက် စစ်ကောာင်စီ၏ အတုအယောင်ရွေးကောက်ပွဲ အတွက် သန်းခေါင်စာရင်းကောက်ယူသူများကို အရေးယူမည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယခုအခါ အကြမ်းဖက် စစ်ကောင်စီသည် အတုယောင် ရွေးကောက်ပွဲကို အကြောင်းပြကာ အောက် တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက် သန်းခေါင်စာရင်းများ ကောက်ယူ လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် အတုယောင်ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာတည်မြဲ ရေး၊ အာဏာရှင် အသက်သွေး ဆက်လက် လည်ပတ်နိုင်ရေးဖြစ်သည့်အတွက် သန်းခေါင်စာရင်း ကောက်ယူမှုဖြစ်ပြီး ထိုသို့ ကောက်ယူမှုကို လုံးဝ အသိမှတ်မပြုဘဲ ကန့်ကွက်ကြောင်း ကျောက်တံခါး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ထို့ကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ပူးပေါင်း၍ သန်းခေါင်စာရင်း ကောက်ယူ နေသူ၊ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ၊ ကူညီသူမည် သူ့ကိုမဆို ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှု နှင့် ရွေးကောက်ပွဲပြုလုပ်သည့်အပေါ် ပူးပေါင်းပါဝင်သူများအား ပြင်းထန်စွာ အရေးယူသွားမည်ဖြစ် ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က အသိပေးထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ၍ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ပြည် သူ့တော်လှန်ရေးတိုက်ပွဲများ၏ ဒဏ်ကို အလူးအလဲခံနေရပြီဖြစ်သဖြင့် စစ်ရေး အပါအဝင် အဘက် ဘက်မှ အရေးနိမ့်လာသော အခြေအနေများမှ နိုင်ငံရေးထွက်ပေါက်ရရှိနိုင်ရန် ” အတုယောင်ရွေး ကောက်ပွဲ တစ်ခု ” ဖန်တီးလုပ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလာသည်ကို တွေ့ရှိရသည်ဟု ဆို သည်။

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ အနေဖြင့် စစ်ကောင်စီကပြုလုပ်မည့် မည်သို့ သောရွေးကောက်ပွဲများကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ပြီး စစ်ကောင်စီစေခိုင်းသည့်အတိုင်း သန်း ခေါင်စာရင်းကောက်ယူမှုဖြစ်စဥ်တွင် ပူးပေါင်းပါဝင်သူမည်သူမဆို ရန်သူအဖြစ် သတ်မှတ်ကာ ပြင်း ထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article