27 C
Yangon

လားရှိုးမြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၃ ဦး၏ မိသားစုဝင်များကို MNDAA က ငွေကျပ် ၁၅ သိန်းနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်

Must read

လားရှိုးမြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၃ ဦး၏ မိသားစုဝင်များကို MNDAA က ငွေကျပ် ၁၅ သိန်းနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်

ရန်ကုန်၊‌ အောက်တိုဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၃ ဦး၏ မိသားစုဝင်များကို MNDAA က ငွေကျပ် ၁၅ သိန်းနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း MNDAA က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီခန့်တွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီအဖွဲ့ ၏ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့သည် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ ဦး ၏ မိသားစုဝင်များရှိရာ နေအိမ်များသို့သွား ရောက်ခဲ့ပြီး ဝမ်းနည်းကြောင်း ပြောဆိုကာ နှစ်သိမ့် ငွေကျပ် ၁၅ သိန်း ၊ ဆန် ၁ အိတ်နှင့် ဟင်းချက် ဆီ ၁ ပုံးတို့ကို မိသားစု ၁ စုစီ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် စားဝတ်နေရေးအခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ လာပါက ၎င်းတို့နေထိုင်ရာ ရပ်ရွာစီမံခန့်ခွဲမှုရုံးသို့ သတင်းပို့နိုင်ပြီး သက်ဆိုင်ရာဌာနများက အဆိုပါ ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

လားရှိုးမြို့ စစ်အုပ်ချုပ်ရေး ကော်မတီအနေဖြင့် မင်းအောင်လှိုင်အာဏာသိမ်းတပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရ ပြည်သူများကိုလည်း အချိန်မီကယ်ဆယ်နိုင်ရေးအတွက် အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန် သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စနစ် တကျ လုပ်ဆောင်ခဲ့သည့်အပြင် လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုအပြီး နောက်ဆက်တွဲကိစ္စရပ်များ ဖြစ်သည့် ထိခိုက်ဒဏ်ရာရသူများကို စနစ်တကျ ပြန်လည်နေရာချ ထားပေးခြင်း၊ စျေးကွက် စနစ်တ ကျ ပြန်လည်ကောင်းမွန်လာစေရန်နှင့် အရေးကြီးသောလုပ်ငန်း တာဝန်များကို ဆက်တိုက်လုပ် ဆောင်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ယနေ့ချိန် အထိ စစ်မြေပြင်တွင် ရှုံးနိမ့်ခဲ့သော မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့ နှင့် အနီးတစ်ဝိုက်ရှိ ဈေးများ၊ လူနေရပ်ကွက်များနှင့် စာသင်ကျောင်းများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသနေ ပြည် သူလူထုများ စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article