မိုးကုတ်မြို့ရှိ ပြည်သူများကို NUG အစိုးရက သတင်းအချက်အလက် သိရှိစေရန် စစ်သတင်းလွှာ ဖြန့်ဝေ
ရန်ကုန်၊အောက်တိုဘာ ၉
မိုးကုတ်မြို့ရှိ ပြည်သူများကို အမျိုးသားညီညွှတ်ရေးအစိုးရက သတင်းအချက်အလက် သိရှိစေရန် စစ်သတင်းလွှာကို ဖြန့်ဝေခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် စိုးမိုးနယ်မြေများအတွင်း အင်တာနက်ပြတ်တောက်နေသည့် ပြည်သူများ၊ တော်လှန်ရေးရဲဘော်များ သတင်းအချက်အလက် ရရှိစေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
” စကစက အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ပြည်သူတွေမှာ သတင်းအချက်အလက် တွေ သိပိုင်ခွင့် မရရှိတာတွေကို သိရှိစေဖို့အတွက် ထုတ်ဝေတာဖြစ်တယ် “ဟု မိုးကုတ်မြို့နယ်ပကဖမှ တာတန်ရှိသူတစ်ဦးက ပြောကြားသည် ။
မိုးကုတ်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများသတင်းအချက်အလက် မရရှိစေရန် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားကြောင်း သိရှိရသည်။