27 C
Yangon

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး

Must read

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၉

ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ K-8W အမောင်းသင် လေယာဉ် ဂိုဒေါင် ထိမှန်ပျက်စီးခဲ့ကြောင်း Civillin Military – SRDF အထူး စစ်ဆင်ရေးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့‌ အောက်တိုဘာလ ၉ ရက် ည ၇ နာရီခန့်တွင် ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ မှော်ဘီလေတပ်ကို Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ K-8W အမောင်းသင် လေယာဉ်ဂိုဒေါင်နှင့် ခြံစည်းရိုး ထိမှန် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“K-8W အမောင်းသင်‌လေယာဉ် ဂိုဒေါင် ထိတယ်လို့ သိရတယ်။ တစ်လုံးက ခြံစည်းရိုး ထိတယ်။ ပျက်စီး မှုရှိတယ်လို့ သိရပါတယ်။ ဘယ်လောက်ပျက်စီးလည်းတော့ မသိရသေးဘူး။ လေတပ်ထဲ စလိုက်မီး တွေ ထိုးပြီး ရှာနေကြတယ်။ ကျတဲ့နေရာ အပျက်အစီးတွေကို စလိုက်မီးနဲ့ထိုးပြီး ကြည့်နေကြတာ ပေါက်ကွဲသံကြားတာနဲ့ ကွင်းထဲကရော ဂိတ်တွေကရော အကုန်းပြေးထွက်လာကြတယ်။ ပြီးတော့ ၆၀ မမနဲ့ ပြန်ပစ်တယ်။ တစ်ချက်တော့ ကြားရတယ်” ဟု Civillin Military – SRDF အထူးစစ်ဆင် ရေး စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း (ဗိုလ်ကောက်ရိုးအဖွဲ့) နှင့် Civillin Military – SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းတို့က အထူးစစ်ဆင်ရေးဌာန(မြို့ပြပျောက်ကျား နှင့် မြို့ပြစစ်ဆင်ရေး)Special Operation Department (Urban Guerrilla & Urban Operation) ၏ခွင့်ပြုချက်ဖြင့် မစ်ရှင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုသည် NLD ပါတီ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့်တကွ မတရား အကျဉ်း ချခံထားရသည့် နိုင်ငံရေး အကျဉ်းသား ရဲဘော်များအတွက် လက်တုန့်ပြန် တိုက်ခိုက်ခြင်းဖြစ်ပြီး Civillin Military – SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း ရဲဘော်များအနေဖြင့် စစ်အာဏာရှင် စနစ်အပြီးတိုင် ဖျက်သိမ်းရေး ပြည်သူလူနှင့် ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Civillin Military – SRDF အထူးစစ်ဆင်ရေး စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article