29 C
Yangon

ဖြူးမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ဖြူးမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်ခန့်တွင် ညောင်ပင်သာရွာ ရဲစခန်း နှင့် မွန်းလွဲ ၁ နာရီ ၅၂ မိနစ်ခန့်တွင် ညောင်ပင်သာရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ နှင့် သာယာဝတီမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) နှင့် ရေဦးမြိုနယ် ပကဖ တို့ ပူးပေါင်း၍ ရေဦးမြို့နယ် အရှေ့​မြောက်ခြမ်းရှိ အောင်သာယာရွာ ပျူစောထီး အထိုင်စခန်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF ကပြောဆိုသည်။

ထို ပျူစောထီးရွာသည် ရေဦး၊ ခင်ဦးနှင့် ကန့်ဘလူ မြို့နယ် အစပ်တွင် တည်ရှိပြီး ဘေးပတ်ပတ်လည်ရွာများကို Drone များဖြင့်ဗုံးသီးချ၍ တိုက်ခိုက်ခြင်း၊ စစ်တပ် စစ်ကြောင်းနှင့် ပူးပေါင်း၍ လူသတ်၊ မုဒိမ်းကျင့်၊ ဓါးပြတိုက် လုယက်ခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အောင်သာယာပျူစောထီးရွာဘက်မှ Drone ဖြင့် မုန်တိုင်ပင်ရွာရှိ ပြည်သူပိုင်နေအိမ်များပေါ်ကို ဗုံးသီးကျဲချခြင်းများ ပြုလုပ်ခြင်း၊ ကန့်ဘလူမြို့နယ်ရှိ ကာဘိုးရွာမှ ပျူစောထီးများက Drone လွှတ်တင်၍ အနီးအနားဝန်းကျင်ရှိကျေးရွာများကို ဗုံးသီးချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article