29 C
Yangon

ရမည်သင်းမြို့နယ်တွင် စစ်ကြောင်းဖြင့် သန်းခေါင်စာရင်း လိုက်လံကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား

Must read

ရမည်သင်းမြို့နယ်တွင် စစ်ကြောင်းဖြင့် သန်းခေါင်စာရင်း လိုက်လံကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား

ရန်ကုန်၊ အောက်တိုဘာ ၁၀

မန္တလေးတိုင်း၊ ရမည်သင်းမြို့နယ်တွင် စစ်ကြောင်းဖြင့် သန်းခေါင်စာရင်း လိုက်လံကောက်ခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက် သေဆုံးသူများပြားကြောင်း တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတာဝန်ခံ ဖိုးခွားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရမည်သင်းမြို့နယ်၊ ပေပင်ရှည်ကျေးရွာ အတွင်း တပ်ဆွဲထားပြီး အနီးအနားရှိ ကျေးရွာများကို သန်းခေါင်စာရင်း လိုင်လံကောက်ခံနေသော ပျော်ဘွယ်၊ ရန်အောင်နှင့် တောင်ညောင်ကုန်းမှ စစ်ကောင်စီ တပ်သားများ ပါဝင်သော ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်အိုးလေး ကျေးရွာ အနောက်ဘက်အထွက်ကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များ ပထမ အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် နံနက် ၈ နာရီခန့်တွင် လည်ကျင်းခေါင်းကျေးရွာ ကျေားလမ်းမကြီး အပေါ်ကို ထပ်မံ ရောက်ရှိလာစဉ် ဒုတိယ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေးတွေက ပေပင်ရှည်ကျေးရွာ အတွင်းမှာ တပ်ဆွဲထားပြီး သန်ခေါင်းစာရင်းတွေကို ကျေးရွားတွေထဲ လိုင်လံ ကောက်ခံနေတာ နံနက် ၆ နာရီ ၃၀ မိနစ်မှာ မိုင်း ၇ လုံးနဲ့ ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၇ ကောင်သေဆုံးခဲ့တယ်။ ဒဏ်ရာရ စာရင်းကို စုံစမ်းနေပါတယ်။ နံနက် ၈ နာရီခန့်မှာက အဲစစ်ကြောင်းကိုပဲ ဒုတိယ အကြိမ် မိုင်းကွင်း အဖြတ်မှာ မိုင်း ၅ လုံးနဲ့ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တ ၈ ကောင် နေရာမှာတင် ပွဲချင်းပြီး သေဆုံးပါတယ်။ ကျောက်အိုးလေးရွာနားနဲ့ လည်ကျင်းခေါင်း ကျေးရွာကျေားလမ်းမကြီးပေါ်မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ” ဟု တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတာဝန်ခံ ဖိုးခွားက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ ရမည်းသင်းခရိုင် ပကဖ ၊ ရမည်းသင်းမြို့နယ် ပကဖ နှင့် ပျော်ဘွယ်မြို့နယ် ပကဖ ညီနောင်မဟာမိတ် ၄ ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article