29 C
Yangon

ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေသည့် ရဲတပ်ကြပ် ရန်ရှင်းခွာ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး

Must read

ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေသည့် ရဲတပ်ကြပ် ရန်ရှင်းခွာ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေသည့် ရဲတပ်ကြပ် ရန်ရှင်းခွာကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ အရက်ဆိုင်တွင် အရက်သောက်နေသည့် ရဲတပ်ကြပ် ရန်ရှင်းခွာကို Kanbalu Underground Warriors အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ရဲတပ်ကြပ် ရန်ရှင်းခွာသည် ဗိုက်ပွင့်၍ သေဆုံးသွားပြီး Kanbalu Underground Warriors အဖွဲ့မှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article