29 C
Yangon

ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ အနီးရှိ စစ်တပ် ယာယီဂိတ်နှင့် ရွှေပြည်သာ ၁၉ ရပ်ကွက်ရုံးကို ဗုံးခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ အနီးရှိ စစ်တပ် ယာယီဂိတ်နှင့် ရွှေပြည်သာ ၁၉ ရပ်ကွက်ရုံးကို ဗုံးခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ သမ္မတရုပ်ရှင်ရုံအနီးရှိ အကြမ်းဖက် စစ်တပ် ယာယီဂိတ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့‌ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဒဂုံမြို့နယ် ၊ အလံပြဘုရား လမ်းမပေါ် သမ္မတရုပ်ရှင်ရုံအနီးရှိ အကြမ်းဖက် စစ်သား ၃ ဦး နှင့် ရဲ ၂ ဦး လက်နက်အပြည့်အစုံဖြင့် အထိုင်ချထားသော ယာယီဂိတ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကိစ္စက ၂ ခုဖြစ်သွားတာ ကျနော်တို့ စီစဉ်သလိုဖြစ်မလာတာရယ်။ နောက်တစ်ခုကမိုးကရွာချလိုက် တော့အများကြီးစဉ်းစားချိန်မရလိုက်ဘူး။ လုပ်လိုက်ရတာ အဲဒီတစ်ပိုင်းပေါ့။ နောက်တစ်ခုက အဲဒီ နေရာနားမှာက လူသွားလူလာရှင်းတယ်။ ကျနော်တို့က ခပ်လှမ်းလှမ်းကနေ ဖောက်ခွဲခဲ့ရတာဖြစ် တဲ့အတွက် နောက်ဆက်တွဲကို သေချာမသိခဲ့တာ အဲဒီမှာက ယုန်လေးရဲ့အော်ရဂျင်နယ်ဂန်းစတား မိတ်ဆက်ပွဲ ဘာညာဆိုတာရှိတယ်။ အဲလိုရှိတော့ သမ္မတရုံပတ်ချာလည်မှာက အင်အား ၃၇ ယောက် လောက်လုံခြုံရေးချတာရှိတယ်။ အဲဒီလိုကြားထဲမှာတောင် သူတို့အတွက် မလုံခြုံဘူးဆိုတာ ပြောချင် တယ်။ နှစ်ယောက်တစ်တွဲ၊ ၃ ယောက်တစ်တွဲ၊ ၄ ယောက်တစ်တွဲ သမ္မတရုံ ပတ်ချာလည် ပြည်လမ်းရော အလံပြဘုရားလမ်းရော ဆူးလေလမ်းဘက်နဲ့ ရန်ကုန်ဘူတာကြီး အဲဒီတစ်ခြမ်းလုံး လုံခြုံရေး အပြည့်ချထားတာ ဆိုလိုချင်တာက ၂ ခုပေါ့။ တစ်ခုက သူတို့အတွက် ဘယ်နေရာမှာ မလုံခြုံဘူး ဆိုတာရယ်။ နောက်တစ်ခုကကျတော့ ဘောမနေတဲ့ ယုန်လေးရဲ့ ပရိုမိုးရှင်းအဖွဲ့ကိုလည်း ကျနော်တို့ အနေနဲ့ ကြိုက်တဲ့အချိန် ကြိုက်သလို လုပ်လို့ရတယ်ဆိုတာ သိစေချင်တယ်” ဟု God’s Hand Forces (GHF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

God’s Hand Forces (GHF) အနေဖြင့် မြို့ပြတွင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် လုံးဝ အုပ်ချုပ်ခွင့်မရ ၊ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ” M 043 စစ်ဆင်ရေး” ၏တစ်စိတ်တစ်ဒေသ ဖြစ်ပြီး သတ္တမမြောက် ဖော် ဆောင်မှုဖြစ်ကြောင်း၊ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်များအားလုံးဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ ပြီဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် မြို့ပြတိုက်ခိုက်မှုများအတွက် နည်းပညာနှင့် ခဲယမ်း ကူညီပေးပါသော ညီနောင် Tiger Dragon Revolution Force (TRDF) ကို ကျေးဇူးပါကြောင်းနှင့် အများပြည်သူ အနေဖြင့် စစ်ကောင် စီနှင့် ပတ်သတ်သောဒေါက်တိုင်များ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ၏အထိုင်ကင်းများ လှည့်ကင်း များနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် ထုတ်ပြန်ထားသည်။

အလားတူ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံး မှုရှိ ကြောင်း Yangon Army (YA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက် ည ၈ နာရီခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက် အုပ် ချုပ်ရေးမှူးရုံး၌ အကြမ်းဖက်စစ်သား၊ ရဲများ၊ အုပ်ကြီးနှင့်နောက်လိုက်များရှိနေစဉ် ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အုပ်ကြီးနှင့်နောက်လိုက်များ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူကို မျိုးစုံဖိနှိပ်အနိုင်ကျင့်နေသော တရားမဝင် ရွေးကောက်ပွဲ အတွက် အတင်းအဓမ္မသန်းခေါင်စာရင်းကောက်ခံနေကြသော အုပ်ချုပ်ရေးမှူးများနှင့် နောက်လိုက် များကို ထိထိရောက်ရောက်ထပ်မံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article