27 C
Yangon

မြန်မာစစ်သင်္ဘော၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁ ဦးသေဆုံးပြီး တချို့ဒဏ်ရာရ၊ ဒါဇင်နှင့်ချီသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် ပြန်လွှဲပေး

Must read

မြန်မာစစ်သင်္ဘော၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁ ဦးသေဆုံးပြီး တချို့ဒဏ်ရာရ၊ ဒါဇင်နှင့်ချီသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် ပြန်လွှဲပေး

ရန်ကုန်၊ အောက်တိုဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်က မြန်မာ ရေပိုင်နက်အတွင်း လမ်းလွဲဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေများကို ပစ်ခတ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးသေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသော ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်၀၊ စိန့်မာတင်ကျွန်းအနီးတွင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသင်္ဘော ၆ စီးသည် မြန်မာရေပိုင်နက်အတွင်းသို့ လမ်းလွဲ၍ ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် မြန်မာရေတပ်က အဆိုပါ ငါးဖမ်းသင်္ဘောများကို တိုက်ခိုက်ခဲ့ရာ အသက် ၆၀ အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား တစ်ဦး သေဆုံးပြီး အခြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅၇ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“ဒီလိုဖြစ်ရပ်တွေ ထပ်ဖြစ်မလာအောင် တားဆီးဖို့ မြန်မာစစ်တပ်ကို ချက်ချင်း အရေးယူဆောင် ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းလိုက်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ကြေညာထားပြီး မြန်မာစစ်ကောင်စီကို ယင်းဖြစ်ရပ်အတွက် သံတမန်ရေးအရ ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းမှုနှင့်ပတ်သက်၍ ကန့်ကွက်ပြီးနောက် မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို ပြန်လွှတ်ပေးခဲ့ကြောင်း ၊ မြန်မာရေတပ်၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အလွန်ပြင်းထန်သော ရေစီးကြောင်းကြောင့် ငါးဖမ်းသင်္ဘောများမှာ မြန်မာပိုင်နက်အတွင်းသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကဆိုသည်။

ဓာတ်ပုံ- မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article