26 C
Yangon

ဘုတလင်မြို့နှင့် ဂန့်ဂေါမြို့ တွင် စစ်တပ်က အသက် ၇ နှစ် နှင့် အသက် ၁၆ နှစ် အရွယ် ကလေး ၂ ဦး အပါအဝင် စစ်တပ် ထောက်ခံသူ မိသားစုဝင် ၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ပြည်သူ ၈ ဦးကို ဖမ်းဆီးထား

Must read

ဘုတလင်မြို့နှင့် ဂန့်ဂေါမြို့ တွင် စစ်တပ်က အသက် ၇ နှစ် နှင့် အသက် ၁၆ နှစ် အရွယ် ကလေး ၂ ဦး အပါအဝင် စစ်တပ် ထောက်ခံသူ မိသားစုဝင် ၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ပြည်သူ ၈ ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အသက် ၇ နှစ်နှင့် အသက် ၁၆ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် မိသားစုဝင် ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခွဲဝန်းကျင်တွင် ဘုတလင်မြို့တစ်မြို့လုံးကို အကြမ်း ဖက်စစ်တပ် စစ်ကြောင်းထိုးကာ လှည့်လည်သောင်းကျန်းနေသဖြင့် မြို့နေပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရကြောင်း၊ ထိုသို့ ပြည်သူများ ထွက်ပြေးကြသော်လည်း ဘုတလင်မြို့ ဗန္ဓုလရပ် ကွက်သစ်၊ သဖန်းလမ်းဆုံရှိ ဦးဖိုးကြာ + ဒေါ်သင်းကုန်စုံဆိုင်နေမိသားစုမှာ စစ်တပ်ထောက်ခံသူ မိ သားစုဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိခဲ့ရာက သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“စကစ တွေ မြို့ထဲကို အင်အားအလုံးအရင်းနဲ့ပတ်မွှေနေတာ၊ တမြို့လုံးလိုလို ထွက်ပြေးနေကြ တယ်၊ အဲ့ဒီမိသားစုက ထွက်မပြေးဘဲ ကျန်နေခဲ့တာဗျ၊ မနက် ၁၂နာရီခွဲက ဖြစ်သွားတာ၊ သူတို့က စစ်တပ်ထောက်ခံတဲ့ မိသားစုတွေ မကြောက်တော့မပြေးတာပေါ့ ဟိုက(စကစ)စစ်ကြောင်းက ရက်ရက်စက်စက်သတ်သွားတာ၊မွေးစားတူမလေးက ကိုင်ပေါက်သတ်ခံရတာ၊ကျန်တဲ့ မိသားစု ၄ ယောက်လုံးက လက်ပြန်ကြိုးတုပ်ပြီး ခေါင်းကိုသေနတ်နဲ့တေ့ပစ်သတ်ခံရတာ”ဟု ဒေသသတင်း ရင်းမြစ်က ပြောကြားသည်။

အကြမ်းဖက်စစ်တပ် ရက်ရက်စက်စက်သတ်ဖြတ်ခံရသူများမှာ အသက် ၇ နှစ်အရွယ် မွေးစားတူမ ဖြစ်သူ တစ်ဦး၊ အသက် ၁၆ နှစ်အရွယ် သားဖြစ်သူတစ်ဦး၊ အသက် ၂၅ နှစ် ဝန်းကျင်အရွယ် သမီးဖြစ် သူနှင့် မိဘနှစ်ဦးဖြစ်ပြီး သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ အတွင်းမှ အောက်တိုဘာလ ၄ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်း စတင်ဝင်ရောက်လာ ကာ လှည့်ပတ်သောင်းကျန်းနေခြင်းဖြစ်ပြီး ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို လည်း ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ပေါ်နေ အရပ်သားပြည်သူ ၈ ဦးကို အကြမ်းဖက်စစ် ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသနေပြည်သူများထံက သိရသည်။

အောက်တိုဘာလ ၁၁ နေ့လည်ပိုင်း ဂန့်ဂေါမြို့ပေါ်နေ အမျိုးသမီး ၃ ဦး၊ ညပိုင်းတွင် အမျိုးသား ၂ ဦး တို့ကို လည်းကောင်း၊ ယနေ့အောက်တိုဘာလ ၁၂ ရက်နံနက်ပိုင်းတွင် မိန်းကလေးငယ် ၃ ဦး တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ရပ်ကွက်ထဲအထိဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးသွားကြောင်း သိရ သည်။

“မနေ့က နေ့လယ် မိန်းကလေး ၃ ဦး၊ မနေ့ညပိုင်းမှာ ယောကျ်ားလေး ၂ ဦးဖမ်းပြီး၊ ဒီမနက်မှာ မိန်း ကလေး ၃ ဦးကို ထပ်ဖမ်းတယ်၊စခ တွေက ဖမ်းနေတော့ ထွက်ပြေးလာတဲ့သူတွေကိုလည်း ကူညီပေး နေရတယ်”ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article