26 C
Yangon

သိမ်ဇရပ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ

Must read

သိမ်ဇရပ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၁ မိနစ်အချိန် မွန်ပြည်နယ် ၊ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်က လက်နက်ကြီး ၂ လုံးဖြင့် လူနေရပ်ကွက်များသို့ ဦးတည်ပစ်ခတ်ခဲ့ရာ သိမ်ဇရပ်မြို့ပေါ် အကွက် ၅ ၊ ၄ လမ်းသို့ ကျရောက်ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်ရာနေရာများသို့ ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

” လက်နက်ကြီးပစ်ခတ်လို့ အကွက် ၅ ၊ ၄ လမ်း မှာ နေတဲ့ အသက် ၇၆ နှစ်အရွယ် ဦးသန်းမောင် ဘယ်ခြေကို လက်နက်ကြီးအစ ထိမှန်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဒေါ်ဌေးဌးလည်း ဘယ်ခြေကို လက်နက်ကြီးအစ ထိမှန်ပါတယ်။ အသက် ၁၂ နှစ်အရွယ် မမိုးသင်ဇာဟိန်းကတော့ ညာခါင်းစောင်းကို လက်နက်ကြီးအစ ထိမှန်ပါတယ်။ ၃ ဦးလုံးတော့ အသက် အန္တရာယ်မစိုးရိမ်ရပါဘူး။ တိုက်ပွဲမရှိဘဲ ပြည်သူတွေ နေတဲ့နေရာကို ရမ်းသမ်းပစ်ခတ်တာဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက မကြာခဏဆိုသလို ပြည်သူများနေထိုင်သော ကျေးရွာများနှင့် ရပ်ကွ့က်များသို့ လက်နက်ကြီးများ ဦးတည်ပစ်ခတ်နေသဖြင့် သိမ်ဇရပ်မြို့နယ်အတွင်းတွင် ပြည်သူများ ထိခိုက်သေဆုံးမှုများ မကြာခဏဆိုသလိုဖြစ်ပေါ်နေကြောင်း​ ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article