29 C
Yangon

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

Must read

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာကို စစ်ကောင်စီတပ်များက ယနေ့ မွန်းလွဲပိုင်းတွင် လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊လာပို့ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး လက်ရှိတွင် လူနာများကို သွားရောက် ကယ်ဆယ် ဆေးကုသမှုများ ပေးနေရကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“ဂန့်ဂေါ လာပို့ရွာကို လေယဥ် နဲ့ ဗုံးကျဲတာပါ။ တိုက်ပွဲမရှိပါဘူး။ တိုက်ပွဲ မဖြစ်ဘူး။ ဒီအတိုင်းကြီး လာပြီး လေယာဉ်နဲ့ ဗုံးကျဲချတာ။ ပြည်သူတွေ ဒဏ်ရာရတယ်။ အခု လူနာတွေ ဆေးခန်းလိုက်ပို့နေတယ်”ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ ၄ ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က တိုက် ပွဲဖြစ် ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့အောက်တိုဘာလ ၁၄ ရက် ညနေ ၃ နာရီ ၃ မိနစ်အချိန်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြင်း ဇာကျေးရွာ၊ ကျွန်းခုံသာကျေးရွာ ၊ ကံရွာ၊ ဘောပြင်းကြိုးတံတား ၊ လာပို့ကျေးရွာတို့ကို မိတ္ထီလာမြို့၊ ရှမ်းတဲလေးအခြေစိုက် အကြမ်းဖက်စစ် ကောင်စီလေတပ်မှ ပျံတက်လာကာ ဂျက်ဖိုက်တာ လေ ယာဉ်တစ်စီးသည် ကလေးမြို့နယ်တောင်ပိုင်းက တဆင့် ပျံသန်းဝင်ရောက်လာကာ လှည့်ပတ် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဂန့်ဂေါမြောက်က နေရာ ၅ မှာ လေကြောင်းက‌နေတိုက်ခိုက်သွားတာ၊ တိုက်ပွဲဖြစ်တာတွေ ဘာ တွေ မရှိဘူး။ ကျွန်းခုံသာ တစ်လုံး၊ ကံရွာ ၂ လုံး၊ ဘောပြင်းကြိုးတံတား ၂ လုံး၊ လာပို့ ၂ လုံး၊ အထိ အခိုက်က ရှိတယ်လို့တယ်၊ တချို့နေရာတွေ အတည်ပြုလို့တော့ မရသေးဘူး။” ဟု ယောအလင်း တန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ရန်နိုင်မင်း စစ် ဆင်ရေးအမည်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article