29 C
Yangon

မြိတ်မြို့နယ်တွင် စစ်တပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်း စေခိုင်းခံရသူ ၅ ဦး အလင်းဝင်

Must read

မြိတ်မြို့နယ်တွင် စစ်တပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်း စေခိုင်းခံရသူ ၅ ဦး အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၁၄

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းရန် စေခိုင်းခံရသူ ၅ ဦးအလင်းဝင်ရောက်လာခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိတ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကော့သောင်းမြို့နယ် အခြေစိုက် ၊ ခမရ ၄၃၁ တပ်ရင်းမှ ရဲဘော် ၃ ဦး သည် မြိတ်မြို့ ခလရ ၁၀၃ တပ်ရင်းသို့ရောက်ရှိနေစဉ် ထွက်ပြေးလာပြီး မြိတ်ပကဖထံ ဝင်ရောက် ခိုလှုံခဲ့ကြောင်း၊ အဆိုပါ အလင်းဝင် ခိုလှုံလာသူများမှာ ဧရာဝတီတိုင်း ၊ ဓနုဖြူမှ တစ်ဦး၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ၂ ဦးဖြစ်ပြီး အကြမ်းဖက် စစ်တပ်က မတရားစစ်မှုထမ်းခိုင်းရန် မဲနှိုက်ရွေးခဲ့ရာက မဲပေါက်ပြီး ဝင်ရောက်ခဲ့ရသူများဖြစ်ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း တိုက်/စည်း (ရွှေဒူး) တပ်မှ မတရားဖမ်းဆီးပြီး အတင်းအဓမ္မစစ်မှုထမ်းရန် စေခိုင်းခံရသူ တပ်သား ၁ ဦးသည် ထွက်ပြေးလာပြီး အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြိတ်ပကထံသို့ ဝင်ရောက်ခိုလှုံခဲ့ကြောင်း၊ မြိုတ်မြို့တွင် လုပ်အားခ ရှင်းပြီး အိမ်အပြန်လမ်းလျှောက်လာနေစဉ် ညနေ ၅ နာရီ ၃၀ မိ နစ် ခန့်တွင် ဖမ်းဆီးခံရကာ ခြိမ်းခြောက်ပြီး အတင်းအဓမ္မစစ်သားစုဆောင်းခံရသူ ဖြစ်ကြောင်း သိရသည်။

အာလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း မြိတ်မြို့နယ်၊ ခလရ- ၁၀၃ တပ်ရင်း၊ တုံးဗျောကြီးစ ခန်းမှ စစ်မူထမ်းအပတ်စဉ် ၁ သင်တန်းဆင်း ရဲဘော်တစ်ဦးသည် MA 2 အမျိုးအစား သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၁၈၄ တောင့် နှင့်အတူ မြိတ်ပကဖထံ အလင်းဝင်ခဲ့ကြောင်း သိရ သည်။

ထိုသို့ အလင်းဝင်ရောက်လာသူအားကို မြိတ်ပကဖမှ နွေးထွေးစွာ ကြိုဆိုကာ ကောင်းမွန်စွာ စောင့် ရှောက်ပေးထားကြောင်း၊ စစ်ကောင်စီဘက်တော်သားများအနေဖြင့် အမှန်တရား ကို သိမြင်၍ပြည် သူ့ထံ အလင်းဝင်လိုပါက မြိတ်ပကဖအဖွဲ့ထံ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article