29 C
Yangon

ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA က တိုက် ခိုက် သိမ်းပိုက်၊ ပန်ဝါမြို့ကို ရရှိရန် လက်တစ်ကမ်းအလို ရောက်ရှိဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ပန်၀ါမြို့နှင့် ၅မိုင်ကျော်သာ ကွာဝေးသော အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ အများအပြားရရှိကြောင်း၊ စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူများပေးခဲ့ကြားမှ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဒီအမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို လုပြည်လို့ ခေါ်တယ်။ အဲဒါက ပန်ဝါနဲ့ ၁၀ မိုင်အောက်ပဲ ဝေးတယ်။ ပန်ဝါနဲ့ လမ်းတစ်ကမ်းအလိုကိုတော့ ရောက်ပြီ။ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ရထားတယ်။ စစ်တပ်က ဒရုန်းတွေ၊ လေကြောင်းပစ်ကူတွေနဲ့ စစ်ကူပေမယ့် လုပြည်ကတော့ ရထားပါပြီ။ စစ်တပ်ဒရုန်းတစ်စီးပျက်ကျတယ်။ ဒရုန်းမှာ ဗုံးတွေပါတယ်” ဟု KIA သတင်းရင်းမြစ်ကရှင်းပြသည်။

လက်ရှိတွင် ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက်အောက်ရှိ အမှတ် ၁၀၀၁ ၊ အမှတ် ၁၀၀၂ နှင့် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းများအားလုံးကို KIA က သိမ်းပိုက်ရရှိထား သိရှိရသည်။

ပန်ဝါမြို့တွင် ဇခုန်တန့်ယိန်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဌာနချုပ်နှင့် ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိနေရာ အမှတ် ၁၀၀၂ BGF ဗျူဟာတပ်စန်းသည် ပန်ဝါမြို့ကို ကာကွယ်ထားသော စခန်းဖြစ်ရာ စစ်အရေးအရ အလွန်အရေးပါသည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ပန်ဝါမြို့ဘက်သို့ ဦးတည် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဦးဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် ပြည်နယ်အထူးဒေသ ၁ တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်ဒေသတို့ ပါဝင်ကြောင်း သိရှိရသည်။

KIA ပူးပေါင်းတပ်များက အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁ မိုင် BGF စခန်းကိုလည်းကောင်း၊ အောက်တို ဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကိုလည်းကောင်း သိမ်းပိုက်ခဲ့ပြီးနောက် အမှတ် ၁၀၀၂ ဗျူဟာတပ်ရင်းဌာနချုပ်ကို အောက်တို ဘာလ ၁၄ ရက်နေ့တွင် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။

စစ်ကောင်စီဘက်တော်သား ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။ အဆိုပါဒေသများသည် မြေရှားသတ္တုကို အဓိက ထုတ်လုပ်နေသော ဒေသများအဖြစ် လူသိများ ထင်ရှားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article