32 C
Yangon

မုံရွာတွင် သန်းခေါင်စာရင်းကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်က တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံမကျေးရွာတွင် ယမန်နေ့ သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် မုံရွာမြို့အရှေ့ဘက် ကံမကျေးရွာသို့ စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်းများနှင့် လက်နက်ကိုင် စစ်သား ၊ရဲများ ရောက်ရှိလာချိန် တော်လှန်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

“သန်းခေါင်စာရင်း လာကောက်တဲ့ လူ (စကစ)တွေ တိုက်ခံရတာ၊အပြန်အလှန်ပစ်ကြတာပဲ၊ထိခိုက်တာတော့ရှိတယ်၊သေတာတော့ မကြားဘူး”ဟု မုံရွာဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

သန်းခေါင်စာရင်းလာကောက်သော စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များအကြား ကံမကျေးရွာတွင် ၂ နာရီဝန်းကျင်ကြာ အပြန် အလှန် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ် မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၈၀ အရွယ် ၀န်းကျင်အရွယ် အဘွားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နှင့် အိမ်အသုံးအဆောင် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်နှင့်အဖွဲ့။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်နှင့်အဖွဲ့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article