32 C
Yangon

မြန်မာပြည်သူများ ဒီမိုကရေစီနှင့်အလှမ်းဝေးပြီး NLD အစိုးရကြောင့် တိုင်းပြည်ဘဏ္ဍာနှင့် ပြည် တွင်းရေးလျှို့ဝှက်ချက်များ ပေါက်ကြားဆုံးရှုံးဟု မင်းအောင်လှိုင် ပြော

Must read

🟥 ပြည်ပရောက် မြန်မာများက မြှောက်ထိုးပံ့ပိုး၍ နိုင်ငံကို ဖျက်ဆီးနေပြီး လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးရန် မရှိဘဲ စစ်ကောင်စီက နိုင်ငံတစ်ဝန်း နှိမ်နင်းရေး ဆက်လုပ်မည်ဟုကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၁၅

မြန်မာပြည်သူများ ဒီမိုကရေစီ အနှစ်သာရ နှင့်ယဉ်ကျေးမှု အလှမ်းဝေးပြီး NLD အစိုးရက တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားလွန်ကဲမှုကြောင့် တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးကာ ပြည်တွင်းရေးလျှို့ဝှက်ချက်များ အလွယ်တကူပေါက်ကြားခဲ့ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။

ယနေ့ ကျရောက်သည့် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ၉ နှစ်ပြည့်နှစ်ပတ်လည်အတွက် အထိမ်းအမှတ်အဖြစ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာပြည်သူလူထုသည် ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရ အုပ်ချုပ်စဉ် ကာလတွင် ဒီမိုရေစီယဉ်ကျေးမှုနှင့် အနှစ်သာရကို အလှမ်းဝေးနေဆဲဖြစ်သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီ အစိုးရ(NLD အစိုးရ) သက်တမ်းတွင် တိုင်းတစ်ပါးအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲသဖြင့် တိုင်းပြည်ဘဏ္ဍာဆုံးရှုံးပြီး ပြည်တွင်းရေး လျှို့ဝှက်ချက်များ အလွယ်တကူပေါက်ကြားခဲ့ကြောင်း အကြမ်း ဖက် မင်းအောင်လှိုင်ကဆိုသည်။

“ပြီးခဲ့တဲ့ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့ကာလများမှာ ပြည်သူလူထုအများစုဟာ ဒီမိုကရေစီအနှစ်သာရအပြင် ဒီမိုကရေစီယဉ်ကျေးမှုများနဲ့ အလှမ်းဝေးနေဆဲဖြစ်ခဲ့တာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့သမိုင်းထဲကလို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမယ့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူ ပေါက်ကြားစေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင် ခွင့်ရခဲ့ကြတဲ့ အစိုးရအာဏာပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြပါတယ်”ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် လက်ရှိတွင် NCA လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်များ က ကတိကဝတ်ကို ဖောက်ဖျက်ပြီး NUG ၊ CRPH တို့ကို ထောက်ခံအားပေးပြီး PDF များကို ထောက်ပံ့မှု မျိုးစုံပေးနေကြောင်း၊ MNDAA ၊ TNLA နှင့် AA တို့ လုပ်ဆောင်ချက်များကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း မင်းအောင်လှိုင်ကဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ပြည်ပရောက် မြန်မာနိုင်ငံသားများက သစ္စာမဲ့၊ အသိဉာဏ်နည်းပါးစွာဖြင့် မြှောက်ထိုးပံ့ပိုးမှုများ လုပ်၍ နိုင်ငံကို ဖျက်ဆီးနေကြောင်း၊ သူ့အနေဖြင့် လက်နက်ကိုင်တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးရန် မရှိကြောင်း ပြောဆိုသည်။

“ကိုယ့်နိုင်ငံကို သစ္စာမဲ့၊ အသိဉာဏ်အားနည်းတဲ့ ကိုယ်နိုင်ငံသားများကသာ ပြည်ပက မြှောက်ထိုးပံ့ပိုးမှုများနဲ့ ဖျက်ဆီးနေခြင်းဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်” ဟု အကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များက လက်ရှိတွင် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်ထောင်စု အတူတကွ တည်ဆောက်ရေးထက် တစ်သီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြကြောင်း၊ စစ်တပ်အနေဖြင့် အကြမ်းဖက် သောင်းကျန်းသူများကို နှိမ်နင်းရေးအတွက် လုပ်သင့် လုပ်ထိုက်တာများ ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article