29 C
Yangon

ယင်းမာပင်မြို့ အထွက်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို ၂ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အထွက်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Chindwin Toe Na Yar PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ယင်းမာပင်မြို့တောင်ဘက် အထွက်၌ ကင်းပုန်းဝပ်‌သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ အောက်တိုဘာ လ ၁၁ ရက်နေ့ကလည်း အဆိုပါ ကင်းပုန်းကို သွားရောက်တိုက်ခိုက်ခဲ့စဉ်က စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ယင်းမာပင်မြို့တောင်ဘက်အထွက်မှာရှိတဲ့ စစ်ခွေး ကင်းပုန်းနဲ့ ထိတွေ့မှုဖြစ်တာ ၁၁ ရက်နေ့က ထိ တွေ့ မှုဖြစ်တာမှာ စစ်ခွေး ၂ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိတယ်။ ပြည်သူ့ ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Chindwin Toe Na Yar PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို Chindwin Toe Na Yar PDF (တိုက်နယ် ၇ ပကဖ) ၊ ဗျူဟာ ၄၃ နှင့် ယင်းမာပင် မြို့နယ် ပလဖ တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article