29 C
Yangon

ရေစကြိုမြို့ ခလရ ၂၅၆ တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲမှု စစ် သား ၁ ဦးသေဆုံး၊ ကံသစ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၆ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး အကြမ်းဖက်စစ်သားများက ကံသစ် ကျေးရွာရှိ ပြည်သူ့နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ရေစကြို ပကဖမှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ရေစကြိုမြို့ လခရ ၂၅၆ တပ်ရင်းမှ အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပညင်းကျေးရွာနှင့် ကံသစ် ကျေးရွာကြားအရောက် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက အသင့်စောင့် ဆိုင်း မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ကံသစ်ကျေး ရွာနှင့် ကြည့်ကန်ကျေးရွာ အကြားအရောက် စစ်တပ်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲတာက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မနက် ၈ နာရီလောက်မှာ တစ်ကြိမ်၊ နေ့လည် ၂ နာရီ ခွဲလောက်မှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ ၁ ယောက်သေပြီးတော့ ၂ ယောက်ဒဏ်ရာရသွား တာ။ သူတို့ဘက်က ပြန်ပစ်တာတော့ရှိတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်။ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးတော့ ကံသစ်ကျေးရွာအနီးက တောတိုက်တွေထဲမှာရှိတဲ့ အိမ် ၁၀ လုံး လောက်ကို မီးရှို့ သွားတာ။ အဲဒါပြီးတော့ တောင်အိုတာတိုင်ဘက်စစ်ဆေးရေးဂိတ်ကို တစ်ဖွဲ့ ထွက်သွားတယ်၊ ခလရ ၂၅၆ ဘက်ကို တစ်ဖွဲ့ပြန်သွားတယ်။” ဟု ရေစကြို ပကဖမှတာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ် ရာရရှိပြီး အထိနာသွားသော အကြမ်း ဖက်စစ်သားများက ကံသစ်ကျေးရွာရှိ ပြည်သူ့ နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ထို့နောက် စစ်သားအချို့မှာ ခလရ ၂၅၆ တပ်ရင်းသို့လည်း ကောင်း၊ ကျန်စစ်သားအချို့မှာ တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်သို့လည်းကောင်းအသီးသီး ဝင် ရောက်သွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article