28 C
Yangon

ပင်လည်ဘူး မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများထံမှ သိမ်းဆည်းရရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

Must read

ပင်လည်ဘူး မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများထံမှ သိမ်းဆည်းရရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ သိမ်းဆည်းရရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန် ဦးဆောင်သော အဖွဲ့သည် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည့် အခမ်းအနားသို့ ဒေသ ပြည်သူများနှင့် အတူတက်ရောက်ခဲ့ကြောင်း သိရသည်။

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် သိမ်းဆည်းရရှိခဲ့သော ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၅၂ ခွက်၊ ဘိန်းဖြူထုတ် ၁၂၈၅ ထုတ်နှင့် ဘိန်းမဲ ၁၈ထုတ် (တထုတ်လျှင် ၁ ပိဿာ ခန့်မှန်း) တို့ကို မီးရှို့ဖျက်ဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးက ပြည်သူ့တော်လှန်ရေး ရဲဘော်များကို ကူညီ စောင့်ရှောက်ပေးသည့် ရပ်မိရပ်ဖများကို အထူးကျေးဇူးတင်ကြောင်း ၊ ဖမ်းဆည်း ရမိထားသည့် စစ်သုံ့ပန်းများကို မေးမြန်းရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက် နိုင်သည်ကို ဝန်ခံကြကြောင်း၊ စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါးများ ကိုယ်တိုင်သုံးစွဲရုံ သာမက ယခု သိမ်းဆည်းရမိသည့် ပမာဏကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ ကိုယ်တိုင် ရောင်းဝယ် ဖောက်ကားဖြန့်ချီနေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သိမ်းပိုက်ရရှိ ထားသည့် မြို့၊ ရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး ပြည်သူ့အုပ်ချုပ်ရေး သည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်ကြောင်း (တနည်းအားဖြင့်) ပြည်သူကို အလုပ်အကျွေးပြုရန် ဖြစ်ကြောင်း၊ တာဝန်ပေးထားသော စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများ၏ မဟုတ် မမှန်သည့် လုပ်ဆောင်ခြင်းများ ကိုလည်း တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ အကြိမ်ကြိမ် အာဏာသိမ်းမှုများကြောင့် ပြည်သူများနှင့် လူငယ်များ၏ ဘဝများ ဆုံးရှုံးနစ်နာမှုကြီးမားခဲ့ပြီး တိုင်းပြည် သည်လည်း မည်သည့်နိုင်ငံနှင့်မှ မယှဥ်နိုင်ပဲ မျက်နှာငယ်ခဲ့ရကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှုသည် အကြွင်းမဲ့ စစ်အာဏာလွှမ်းမိုးရေး ရည်ရွယ်ကြောင်း ထင်ရှားသည့်အတွက် လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို မဖြစ်မနေ ဆင်နွှဲခဲ့ရကြောင်း၊ခုခံတွန်းလှန်မှု မပြုလုပ်လျှင် နိုင်ငံအနာဂါတ်ပျောက်မည် ဖြစ်သည့်အတွက် ခေတ်သမိုင်း၏ တာဝန်ပေးချက် အရ လက်နက်နှင့် အကြမ်းဖက်နေသူကို လက်နက်နှင့်တွန်းလှန်တိုက်ဖျက်မှ ရမည်ဟု သန္နိဋ္ဌာန် ချမှတ်ကာ တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ပြည်သူများ လက်တွဲညီညီ တိုက်ဖျက်သွားရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article