28 C
Yangon

သီပေါမြို့ရှိ စစ်တပ်၏ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်မှု အတွင်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းဆည်းရရှိ

Must read

သီပေါမြို့ရှိ စစ်တပ်၏ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်မှု အတွင်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းဆည်းရရှိ

■ စစ်တပ်က အရပ်သားပြည်သူများကို ဦးတည်၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်မှု အတွင်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သီပေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်း အားလုံးကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင် တိုက်ခိုက်ခဲ့ပြီး ၂ လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများ ဖြစ်သော ခမရ ၅၀၃ ၊ ခမရ ၅၀၄ နှင့် ခလရ ၂၃ တပ်စခန်း၊ ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်သော ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၁၅၅ လက်၊ 60 MM ၇ လက်၊ 81 MM ၁ လက်၊ RPG ၂ လက်၊ စက်လက် ၉ လက်၊ မိုင်း ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် သီပေါတပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter ၁၀၅ ကြိမ်၊ Y12 ၁၆၇ ကြိမ်၊ လက်နက်ကြီးဖြင့် ၁၈၉၃ ကြိမ်၊ ရော့ကတ်ဒုံးကျည် ၈ ကြိမ်နှင့် ဟောင်၀ှစ်ဇာ ၈ ကြိမ် အသုံးပြု တိုက်ခိုက်ခဲ့ပြီး ထောက်ပို့ လေယာဉ် Y12ဖြင့် ၇၉ ကြိမ်၊ Y8 ၂ ကြိမ်၊ Mi17 ၅ ကြိမ် လက်နက်ခဲယမ်း ၄၄၀ ထုပ် လာရောက်ကျဲချ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က သီပေါမြို့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်နေစဉ်အတွင်း အရပ်သား ပြည်သူများကို ဦးတည်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သီပေါမြို့ရှိ ဒေသပြည်သူ ၃၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း ၂ ကျောင်းနှင့် လူနေအိမ် ၄၇ လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြနေသည့် ရဲမေ ၇၈ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားချင်း စာနာထောက်ထားသောနေဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း တအာင်းတပ်မတော် PSLF/TNLA က နောင်ချိုမြို၊ မိုးကုတ်မြို၊ မိုးမိတ်မြို၊ ကျောက်မဲမြိုနှင့် သီပေါမြိုကို ပဉ္စမမြို့မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article