35 C
Yangon

သံတောင်ကြီးမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thawthikho) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်အချိန် ဘုရင့်နောင်တပ်မြို့စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သံတောင်ကြီးမြို့တွင်း လက်နက်ကြီးဖြင့် ၆ ကြိမ်၊ မြို့ပြင်ကို လက်နက်ကြီးဖြင့် ၇ ကြိမ် အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွးခြင်း မရှိဘဲ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှု အရေအတွက် နေအိမ် ပျက်စီးမှု အခြေအနေများကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

” သံတောင်ကြီးမြို့တွင်းကို အကြမ်းဖက် အာဏာသိမ်း စစ်ကော်စီတပ်က ၁၅ ရက်နေ့ ညနေပိုင်းမှာ ဘုရင့်နောင်တပ်မြို့စခန်းကနေပြီးတော့ မြို့တွင်းကို လက်နက်ကြီး ၆ ကြိမ် ၊ မြို့ပြင်သို့ ၇ကြိမ် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက် ဒဏ်ရာရရှိမှုရှိတယ်။ အခြေအနေကို ဆက်လက်စုံစမ်းနေပါတယ်” ဟု KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thawthikho) မှ တာဝန်ရှိသူ က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article