29 C
Yangon

စစ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့် မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ရှေ့တန်းရောက်ရှိလာပြီး သမိုင်းဝင် အနိမ့်ဆုံး အခြေအနေ ရောက်ရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့် မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ရှေ့တန်းရောက်ရှိလာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ယမန်နေ့ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရသည်။

မြန်မာနိုင်ငံသည် Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ အင်တာနက်လွတ်လပ်ခွင့်မှု အဆင့်အတန်း အမှတ်မှာ ၈ မှတ်သာ ရှိပြီး တရုတ်နိုင်ငံက အင်တာနက်လွတ်လပ်ခွင့်အဆင့်အတန်းမှာ အမှတ် ၉ မှတ်ဖြစ်၍ တရုတ်နိုင်ငံထက်ပင်ပိုမိုဆိုးရွားသည့်အခြေအနေ ဖြစ်ထွန်းနေခြင်းဖြစ်ကြောင်း သိရှီရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့်သည် 2023 ခုနှစ်မှ 2024 ခုနှစ်အတွင်း တစ်ဖန် ယိုယွင်းလာခဲ့ပြီး ယခုအခါ တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာပေါ်တွင် အဆိုးဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် မေလတွင် စစ်တပ်၏ VPN ပိတ်ဆို့ခြင်းသည် အခြေအနေကို သိသိသာသာ ဆိုးရွားသွားစေပြီး နိုင်ငံတွင် ဒစ်ဂျစ်တယ်အခွင့်အရေးများ ဖိနှိပ်မှုသို့ ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့်သည် သမိုင်းဝင် နိမ့်ပါးသွားခဲ့ပြီး မြန်မာ့ သတင်းအချက်အလက် ပတ်ဝန်းကျင်သည် ကမ္ဘာပေါ်တွင် အဆိုးဆုံးများထဲမှ တစ်ခု ဖြစ်လာကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ဒေသအလိုက် အင်တာနက် သုံးစွဲခွင့်ပိတ်ပင်မှုများ၊ အင်တာနက် ဒေတာသုံးစွဲခများ ဈေးတက်ခြင်း၊ အွန်လိုင်းအသုံးပြုမှုအပေါ် မူတည်၍ ဖမ်းဆီးထောင်ချ မတရားတရားစွဲဆိုခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အင်တာနက်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူအားလုံးအပေါ် စစ်တပ်၏ တိုက်ရိုက်နှင့် သွယ်ဝိုက်ထိန်းချုပ်မှုသည် အသုံးပြုသူမှတ်ပုံတင်ခြင်းဆိုင်ရာ တင်းကျပ်သောစည်းမျဉ်းများအပြင် အစုလိုက်အပြုံလိုက် ဆင်ဆာဖြတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ၎င်းတို့ကျူးလွန်သော ရက်စက်ယုတ်မာမှုများှနင့် အကြမ်းဖက်မှုများကို ပေါက်ကြား မျှဝေခြင်းမရှိစေရန် ကန့်သတ်မှုများ နှင့် စည်းကမ်းများ ပြဋ္ဌာန်းလုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် မေလတွင် WhatsApp၊ X နှင့် Instagraအသုံးပြုခြင်းများကို စစ်တပ်က ကန့်သတ်ခဲ့ကြောင်း၊ နာမည်ကျော် VPN များဖြစ်သည့် Psiphon နှင့် NordVPN အပါအဝင် လူကြိုက်များသော VPN အများအပြားကိုလည်း ပိတ်ပင်ခဲ့ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်သော အရေးအသားများ လူမှုကွန်ရက်တင်ခဲ့ကြသည့် အင်တာနက်အသုံးပြုသူ အများအပြားသည် ၎င်းတို့၏ အွန်လိုင်းလှုပ်ရှားမှုများအတွက် ထောင်ချခံခဲ့ရကြောင်း။ စစ်တရားရုံးများက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး သေဒဏ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း Freedom House က ပြောသည်။

၂၀၂၄ ခုနှစ်မေလတွင် စစ်တပ်က မိုဘိုင်းလ်ဖုန်းများတွင် VPN Application ပါဝင်သည့် ဖုန်းကိုင်ဆောင်သော ပြည်သူများကို စစ်ဆေးဖမ်းဆီးခြင်းနှင့် ဒဏ်ရိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အာဏာသိမ်းပြီးကတည်းက စစ်တပ်က ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အကြိမ်ကြိမ် ပိတ်ပစ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့အစောပိုင်းတွင် လက်နက်ကိုင်စစ်သားများက ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်ရုံးများသို့ အတင်းအကျပ်ဝင်ရောက်ကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုခွင့်ကို ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်၏ အင်တာနက်သုံးစွဲခွင့် ပိတ်ပင်မှုများကြောင့် ပြည်သူအများအပြား ဒုက္ခရောက်နေကြရပြီး အထူးသဖြင့် တိုက်ပွဲများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသများတွင် အခြေအနေဆိုးဝါးကြောင်း၊ အာဏာသိမ်းပြီးကတည်းက မြန်မာ့အင်တာနက်အခြေခံအဆောက်အအုံကို စစ်တပ်က ချုပ်ကိုင်ထားရန် ကြိုးပမ်းနေကြောင်း၊ စစ်တပ်က လိုင်စင်မဲ့ ဂြိုလ်တုပစ္စည်းများဖြင့် အင်တာနက်အသုံးပြုခြင်းအား တရားမဝင်ကြောင်းနှင့် သုံးစွဲသူများအား တရားစွဲမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကျေးလက်ဒေသမှ မိုဘိုင်းလ်အင်တာနက်ဖြင့် လူမှုကွန်ရက် အသုံးပြုနေသော လယ်သမား မိသားစုတစ်စု။

Photo- Craig Mod

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကျေးလက်ဒေသမှ မိုဘိုင်းလ်အင်တာနက်ဖြင့် လူမှုကွန်ရက် အသုံးပြုနေသော လယ်သမား မိသားစုတစ်စု။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article