26 C
Yangon

မတ္တရာမြို့နယ်၊ တုန်ကုန်းရွာအနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး စစ်တပ်က ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗုံးများ တောက်လျှောက် ကျဲနေ

Must read

မတ္တရာမြို့နယ်၊ တုန်ကုန်းရွာအနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး စစ်တပ်က ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗုံးများ တောက်လျှောက် ကျဲနေ

ရန်ကုန်၊ အောက်တိုဘာ ၁၉

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ တုန်ကုန်းရွာအနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး စစ်တပ်က ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗုံးများ တောက်လျှောက် ကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယခုအောက်တိုဘာလဆန်းပိုင်းမှစတင်၍ ယနေ့အချိန် မတ္တရာမြို့နယ်၊ တုန်ကုန်းနှင့် ရမ်းကုန်းကျေးရွာများအနီးတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီတပ်များက တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးများတောက်လျှောက်ကျဲချနေရာ ယနေ့တစ်ရက်တည်းတွင်ပင် အနည်းဆုံး ၅ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်နီးပါး လုပ်ဆောင်သွားကြောင်း သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်ဖြင့်လည်းကောင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ် ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လယ် ၁၂နာရီ၁၅လောက်က စစ်ရဟတ်ယာဉ်နဲ့ ၃ ကြိမ် ဗုံးကျဲသွားတယ်။ တုန်ကုန်း ရမ်းကုန်း ဖက်နေ့တိုင်းတိုက်ပွဲဖြစ်တယ်။ စစ် ခွေး တွေဘက်က တော်တော်အထိနာနေတယ်။ အခုလည်း တအုန်းအုန်းနဲ့ချနေကြတယ်။ အခု တိုက်ပွဲအပြင်းထန်ဖြစ်နေတာ။ မတ္တ ရာမြို့ထဲက အသံတွေ ကြားနေရတာ ။ အခု ၃ နာရီ မတ်တင်းမှာလည်း ခုဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ချသွားပြီ။ အခုထက်ထိ တိုက်ပွဲကဆက်ဖြစ်နေတုန်းပဲ” ဟု မတ္တရာမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ္တရာမြို့နယ်အတွင်းတွင် စစ်ကောင်စီက မြေပြင် စစ်ကြောင်းများ ခွဲ၍ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ နေ့စဉ် ရက် ဆက် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင်မှုတွင် မြင်တွေ့ရသည့် Mi-35 စစ်ရဟတ်ယာဉ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article