26 C
Yangon

ပုလဲမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်နေသော ဇီးဖြူကုန်းပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင်

Must read

ပုလဲမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်နေသော ဇီးဖြူကုန်းပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင်

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်နေသော ဇီးဖြူကုန်းပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ ရှမ်းတဲ လေတပ်မှ Y-8 လေယာဉ်ဖြင့် စားနပ်ရိက္ခာပြတ်လပ်နေသော ဇီးဖြူကုန်းပျူစောထီးရွာကို ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လေယာဉ်ပေါ်က လာချပေးတာကို ထိုင်ကြည့်ပြီး ရေတွက်နေတာကိုက အထုတ် ၉၆ထုတ်ချသွားတာ ၆ ခေါက်လောက် ရွာပေါ်ပတ်ဝဲပြီး ချသွားတာ အထုပတ်တွေထဲကတော့ ဘာတွေပါလလည်းတော့မသိရဘူး။ ရိက္ခာနဲ့ လက်နက်ကျည်ဆံ တွေဖြစ်မယ်လို့ တော့ထင်တယ်။ ဒီပစ္စည်းတွေကလွဲပြီး သူတို့ဘက်က ချပေးစရာမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဇီးဖြူကုန်းရွာရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများသည် ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ ခုနှစ်များတွင် လက်နက်အားကိုးပြီး စစ်ကြောင်းထိုးကာ အနီအနား ကျေးရွာများရှိ စားနပ်ရိက္ခာများ အဖိုးတန် ရွှေ နှင့် ငွေကြေးများကို လုယူမှုများ လုပ်ဆောင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် မြေပြင်စစ်ကြောင်းထိုးတိုင်း ဒေသ ကာကွယ် ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးများစွာဖြင့် အကြိမ်ကြိမ်ရှုံးနိမ့်နေသောကြောင့် လေယာဉ်ဖြင့် ရိက္ခာပို့ဆောင်ရသည့်အထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကောင်တွေ ရိက္ခာပြတ်နေတာကြာပြီ ရွာအပြင်လည်း မထွက်ရဲကြဘူး။ ထွက်လာရင်လည်း အသေဘဲ အခုလည်း လေယာဉ်နဲ့ ရိက္ခာ ထောက်ပို့ ပေး နေရပြီလေ ရွာအတွင်းထဲက ပျူစောထီးတွေအနေနဲ့ ရွာထဲမှာ အငတ်မခံဘဲ ကျွန်တော်တို့ဆီ အညံ့ခံပါ။ ကျွန်တော်တို့ဘက်က ကောင်းကာင်းမွန်မွန်နဲ့ ကြိုဆို နေပါတယ်” ဟု ဒေသ ပြည်သူကာကွယ် ရေးအဖွဲ့ခေါင်း ဆောင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်ဘက်ကတော့ ပုလဲမြို့နယ်အတွင်းရှိ အင်မထီးပျူရွာကိုလည်း ယခုကဲ့သို့ လေယာဉ်ဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့က ရိက္ခာများ ကျဲချပို့ဆောင်ခဲ့ကြောင်း သိရသည်။

Photo – မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးရွာများကို စစ်တပ်က လေကြောင်းဖြင့် ကျဲချ ပို့ဆောင်ခဲ့သော ရိက္ခာထုတ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article