26 C
Yangon

ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ကျုံဒိုးမြို့နယ်အတွင်း (စကခ-၁၂) လက်အောက်ခံ (ခမရ-၂၃၁) တပ်ရင်း လက်အောက် တပ်သစ်အမြှောက်ကုန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းကို ပစ်မှတ်ထား ပစ်ခတ်ခြင်းကြောင့် တောင်ကြာအင်း ကျေးရွာနှင့် မြောက်ကြာအင်းကျေးရွာကို လက်နက်ကြီး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ကြာအင်းကျေးရွာတွင် နေထိုင်သော အသက် ၇၁ နှစ်အရွယ် ဦးဖိုးအိုမှာ လက်နက်ကြီး ထိမှန်ကာ သေဆုံးခဲ့ပြီး အသက် ၇၀ နှစ်အရွယ် ဦးဖိုးသိန်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီးနှင့် လေယာဥ်များ အသုံးပြု၍ အကြောင်းမဲ့ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ ပစ်ခတ်လျှက်ရှိပြီး အကြမ်းဖက် စစ်တပ်၏ လူသားမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ ထိမှန်သေဆုံး ဒဏ်ရာ ရခဲ့ပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းများလည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရသည့်အပြင် ၎င်းတို့၏ ဗုံးကျဲ တိုက်ခိုက် မှုများကြောင့် ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် ဘာသာရေးအဆောက်အဦးများလည်း ထိမှန် ပျက်စီး ခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article