23 C
Yangon

ရေဦးမြို့နယ်တွင် ကထိန်ပွဲပြုလုပ်ခဲ့သည့် အင်ပထိုးရွာ အနီးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေဦးမြို့နယ်တွင် ကထိန်ပွဲပြုလုပ်ခဲ့သည့် အင်ပထိုးရွာ အနီးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ကထိန်ပွဲပြုလုပ်ခဲ့သည့် အင်ပထိုးရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၁၄ မိနစ်ခန့်တွင် ပြည်သူများ ကထိန်ပွဲပြုလုပ်ခဲ့သည့် အင်ပထိုးရွာ အနီးကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးသီး ၂ လုံးသည် အင်ပထိုး-စည်သာမြေ-မဲအိုး ကျေးရွာ ၃ ရွာ အကြားရှိ ချောင်းကူးတံတားအနီးကို ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ရှမ်းတဲကနေတက် လာတဲ့ MiG-29 ဖိုက်တာ ၁ စီးနဲ့ ရေဦးနယ် အနောက်ခြမ်းမှာရှိတဲ့ မနက်ပိုင်းက ကထိန်ပွဲကျင်းပတဲ့ အင်ပထိုးရွာအနီး စည်သာမြေနဲ့ မဲအိုးရွာကြား ချောင်းကူးတံတားအနီးကို ကျသွားတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး။ ချောင်းကူးတံတားအနီးမှာ တစ်လုံးကျတယ် ချောင်းထဲတစ်လုံးကျတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာလအတွင်း ပြည်သူများအနေဖြင့် လူစုလူဝေးဖြစ်စေသော ပွဲတော်များ ကျင်းပပြုလုပ်ခြင်း၊ ကထိန်ခင်းခြင်း၊ ခြင်းခတ်ပွဲများ ပြုလုပ်ခြင်းကို အထူးသတိပြု ရှောင်ရှားကြရန် ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ထပ်မံ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article