26 C
Yangon

နောင်ချိုမြို့နှင့် နမ့်ဆန်မြို့ကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ ၊ ဘုန်းကြီးကျောင်း စျေးဆိုင်ခန်းများနှင့် နေအိမ်များ ပျက်စီး

Must read

နောင်ချိုမြို့နှင့် နမ့်ဆန်မြို့ကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ ၊ ဘုန်းကြီးကျောင်း စျေးဆိုင်ခန်းများနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် နမ့်ဆန်မြို့ကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း တိုက် လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ် ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန် နောင်ချိုမြို့ သပြေရပ်ကွက်သို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံးနှင့် ဗုံး ၆ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် နမ့်ဆန်မြိုနယ်၊ ကျောက် ဖြူလေးကျေးရွာကို စစ်ရေးလှုပ်ရှားမှုတစ်စုံတရာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲကာ ကျောင်းဆောင်အချို ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းအချိန်ကလည်း စစ်ကောင်စီတပ်က တိုက် လေ ယာဉ် ဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article