30 C
Yangon

မုံရွာ -မန္တလေး လမ်းပိုင်းတွင် ကြေးနီး ယာဉ်တန်းနှင့် လုံခြုံရေး စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ကား ၁ စီး ပျက်စီး

Must read

မုံရွာ -မန္တလေး လမ်းပိုင်းတွင် ကြေးနီး ယာဉ်တန်းနှင့် လုံခြုံရေး စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ကား ၁ စီး ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းရှိ အလ္လကပ္ပကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းနှင့် လုံခြုံရေးယူပေးနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တပ် ခွဲ အညာမိုင်း တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမပေါ် အလ္လကပ္ပကျေးရွာ အနောက်ဘက် တံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီ တင်ယာဉ်တန်း ၅၃ စီးအနက် အက်ဆစ်တင်ကား၊ ဒုဌာတင်ကားနှင့် လုံခြုံရေးယူပေးသော အကြမ်း ဖက်စစ်သားများကို မိုင်းပွိုင့် ၂ ပွိုင့်ဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးနေရာမှာပင်ပွဲချင်းပြီး ကား ၁ စီး ပျက်စီးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“မနေ့က ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ဆွဲခဲ့တာပါ။ ကြေးနီတင်ကားတွေက များတယ်။ Jammer ကား ၆ စီးပါတယ်။ စုစုပေါင်း ၅၃ စီးယာဉ်တန်းပါ။ အဲဒီထဲကမှ အက်ဆစ်တင်ကားနဲ့ ဒဌာတင်ကား ကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးယူပေးတဲ့ စခ ၃ ဦးသေတယ်။ ကားတွေက ဝမ်ပေါင် ကုမ္မဏီကဘက်နေ စစ်ကိုင်းဘက်ကိုသွားတဲ့ ကားတန်းပါ” ဟု ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ် ခွဲ အညာမိုင်း တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲအညာမိုင်း ချောင်းဦးမြို့နယ် ၊ ဇာမနီပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းဘုရင် PDF တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက် ခဲခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article