26 C
Yangon

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်းတိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှု ဖြစ်ပေါ်နိုင်

Must read

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်းတိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှု ဖြစ်ပေါ်နိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်းတိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒက သတိပေး ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် မုန်တိုင်းငယ်သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့ (Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article