30 C
Yangon

ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေ နစ်မြုပ်မှုမှ အလောင်း ၁၇ လောင်းတွေ့ရှိထားပြီး အသက်ရှင်သူ ၇၀ ဦး ပြန်တွေ့ကာ ပျောက်ဆုံးနေသော အလောင်းများကို ဆက်လက် ရှာဖွေနေဆဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် ခရီးသည်တင်လှေနစ်မြုပ်မှုမှ အလောင်း ၁၇ လောင်းတွေ့ရှိထားပြီး အသက်ရှင်သူ ၇၀ ဦး ပြန်တွေ့ကာ ပျောက်ဆုံးနေသော အလောင်းများကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်နေသော ရှင်သန်ခြင်းပရဟိတအသင်း(မြိတ်)မှ ဦးဝင်းနောင်က ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်း ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ အလောင်း ၁၇ လောင်းရရှိထားကြောင်း၊ အသက်ရှင်သူ ၇၀ ဦးဝန်းကျင် ပြန်လည်တွေ့ရှိထားပြီး ပျောက်ဆုံးနေသူအများအပြား ကျန်ရှိနေကြောင်း၊ လတ်တလော နစ်မြုပ်သွားသော ခရီးသည်တင်လှေကို မတွေ့ရှိရသေးကြောင်း ၎င်းက ရှင်းပြသည်။

“အလောင်းက ၁၇ လောင်းတွေ့တယ်၊ မနေ့က ၉ လောင်း၊ အရင်နေ့က ၈ လောင်းပေါ့။ အသက်ရှင် လျက်ကယ်ဆယ်နိုင်တဲ့တာက ၇၀ လောက်ရှိတယ်။ ပျောက်နေတဲ့သူတွေလည်း အများကြီးပဲ။ နီးစပ် ရာကျွန်းတွေတို့၊ အလောင်းမျောနိုင်တဲ့နေရာတွေတို့တော့ လိုက်ရှာလို့ကုန်သွားပြီ။ အဲလိုရှာလို့လည်း အလောင်းတွေက ရခဲ့တာ။ ကျန်တဲ့အလောင်းတွေကတော့ လှေကြီးဖော်လို့ရမှာပဲ ပေါ်လာမယ့် သဘောရှိတယ်။ လှေထဲမှာပိတ်နေတဲ့နေတဲ့သဘော။ မြုပ်သွားတဲ့ လှေက အစအနပါ ရှာမတွေ့ဘူး”ဟု ရှင်သန်ခြင်းပရဟိတအသင်း(မြိတ်)မှ ဦးဝင်းနောင်က ဆိုသည်။

နစ်မြုပ်သွားခဲ့သော ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ ပါဝင်ကြောင်း၊ လှေသည် ညပိုင်း ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ထွက်ခွာခဲ့ပြီးနောက် ၁၅ မိနစ်အကြာတွင်ပင် နစ် မြုပ်သွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကျောက္ကာကျေးရွာအနီး လှေနစ်မြုပ်မှုမှ ဆယ်ယူရရှိသော အလောင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article