26 C
Yangon

ဘုတလင်မြို့နယ်တွင် ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး ဓားစာခံဖမ်းဆီးထားသည့် ပြည်သူ ၄၀ ကျော်ကိုပါ ခေါ်ဆောင်သွား

Must read

ဘုတလင်မြို့နယ်တွင် ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး ဓားစာခံဖမ်းဆီးထားသည့် ပြည်သူ ၄၀ ကျော်ကိုပါ ခေါ်ဆောင်သွား

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး ဓားစာခံဖမ်းဆီးထားသည့် ပြည်သူ ၄၀ ကျော်ကိုပါ ခေါ်ဆောင်သွားခဲ့ကြောင်း စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ကျော်ခန့်တွင် စိုင်ပြင်လေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ဖမ်းဆီးထားသည့် ဓားစာခံ ပြည်သူ ၄၀ ကျော်ကိုပါ ခေါ်ဆောင်ပြီး ဘုတလင်မြို့ပေါ်ကို ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကလေးငယ်များ အပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြောက်ကျီရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် စီပါရွာနှင့် ဆယ်ဝရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကာ စုစုပေါင်း ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယင်း စစ်ကြောင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ စစ်ကြောင်း ထိုး ထွက်လာသည့် နေ့မှစ၍ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ အရပ်သား ပြည်သူ ၄၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ကျောက်အိုးရွာ ၊ စီပါရွာ ၊ ကျွဲသေချောင်းရွာ၊ ဆယ်ဝရွာနှင့် စိုင်ပြင်လေးရွာရှိ ပြည်သူပိုင်နေအိမ် ၅၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကလည်း မွှေနှောက်ယူဆောင်လျက်ရှိကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက မွန်းလွဲ ၃ နာရီ ကျော်ဝန်းကျင်မှာ သူတို့ တပ်စွဲထားတဲ့ စိုင်ပြင်လေးရွာကနေမှ ဒန်းတိုင်ရွာကို ဝင်ရောက် ပြီးတော့မှ ဒန်းတိုင်ကနေ ဘုတလင်မြို့ဘက်ကို ပြန်ဝင်သွားတယ်ပေါ့။ လွှတဲရွာကို ဖြတ်ပြီးတော့ ဘုတလင်မြို့ထဲကို ပြန်ဝင်သွားတာပေါ့။ ပြည်သူ ၄၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲပြည်သူတွေ အကုန်လုံးကို ပြန်လွှတ်တဲ့ သတင်းတွေလည်း မတွေ့ရသေးဘူး။ စိုင်ပြင်လေးရွာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့တော့ ရှိပါတယ်” ဟု စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲခဲ့သော စိုင်ပြင်ရွာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article