27 C
Yangon

ဇီးကုန်း၊ ဒိုးနွယ်ရွာတွင် တပ်စွဲထားသော စစ်တပ်က အနီးအနားရွာများကို စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ရွာထဲကို ပစ်ခတ်သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

Must read

ဇီးကုန်း၊ ဒိုးနွယ်ရွာတွင် တပ်စွဲထားသော စစ်တပ်က အနီးအနားရွာများကို စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ရွာထဲကို ပစ်ခတ်သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၂၅

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အနီးအနားရွာများကို စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ရွာထဲကို ပစ်ခတ်သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့က စတင်ပြီး ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေ၍ ဒေသ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် နေခြင်းကြောင့် သခွပ်ပင်ရွာ၊ မှတ်တိုင်ရွာနှင့် ရုံးချောင်းရွာမှ ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးနေရပြီး လက်ရှိချိန်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ ၃ ရွာလောက်တော့ ပျက်စီးသွားတယ်။ ဒိုးနွယ်ဘက်က ခွေးစစ်ကြောင်းက တောက်လျှောက် စစ်ကြောင်းထိုးလာတော့ ကျန်တော်တို့ PDF တပ်တွေက တောက်လျှောက် တားဆီးဟန့်တား တိုက်ခိုက်နေတာ သခွပ်ပင်ရွာ၊ မှတ်တိုင်ရွာနဲ့ ရုံးချောင်းရွာကနေအိမ်တွေ ပျက်စီးတာရှိတယ်။ ကျန်တော်တို့ ဒီကောင်တွေ ဆက်မတက်နိုင်အောင် ဟန့်တားပြီးတော့ တိုက်ခိုက်နေတာတွေရှိတယ်။ တိုက်ပွဲမပြီးသေးတော့ အသေးစိတ် အခြေအနေတော့ ပြောမရဘူး” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒိုးနွယ်ရွာကို ဝင်ရောက်တပ်စွဲစဉ်က ရွာထဲရှိ အမျိုးသမီးများကို ကာအိန္ဒြပျက်ပြားအောင် ဆွဲခေါ်မှုများ လုပ်ဆောင်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article