30 C
Yangon

စစ်ကောင်စီက ရွှေရောင်းဝယ်ရေးစျေးကွက်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် ကြေညာပြီး ဒုဝန်ကြီး ဦးဆောင်သော ရွှေစျေး သတ် မှတ်ရေး ကော်မတီဖွဲ့စည်းကာ နေ့စဉ် ရွှေစျေး သတ်မှတ်မည်

Must read

စစ်ကောင်စီက ရွှေရောင်းဝယ်ရေးစျေးကွက်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် ကြေညာပြီး ဒုဝန်ကြီး ဦးဆောင်သော ရွှေစျေး သတ် မှတ်ရေး ကော်မတီဖွဲ့စည်းကာ နေ့စဉ် ရွှေစျေး သတ်မှတ်မည်

🟥 ရွှေဆိုင်နှင့် ရွှေ အရောင်းအဝယ်အားလုံးကို လိုင်စင်ရယူရမည့် ထိန်းချုပ်သည့် အမိန့် ထုတ်ပြန်ပြီး မလိုက်နာလျှင် ထောင် ၃ နှစ်၊ ငွေဒဏ်နှင့် လိုင်စင်သိမ်းအရေးယူမည်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကောင်စီက ရွှေဈေးကွက်ကို အလုံးစုံထိန်းချုပ်ရန် ရည်ရွယ်ပြီး ရွှေအရောင်းအဝယ်ကို အရေး ကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်တဲ့အပြင် စစ်ကောင်စီ ဝန်ကြီးတွေပါဝင်တဲ့ ရွှေရည်ညွန်းဈေး သတ်မှတ်ရေးကော်မတီကိုပါ ဖွဲ့ စည်းလိုက်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းမှာ ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုအဖြစ်စစ်‌ ကောင်စီ သတ်မှတ်တယ်လို့ ကြေညာလိုက်ပြီး နောက်ဆက်တွဲ ရွှေအရောင်းအဝယ် တားမြစ်အမိန့်၊ စည်းမျဥ်းသတ်မှတ်အမိန့်၊ ကြီးကြပ်အမိန့်၊ ကာကွယ်အမိန့် ကြေညာချက်တွေကို ဆက်တိုက် ထုတ်ပြန်ပါတယ်။

ရွှေစျေးနဲ့ အရောင်းအဝယ်ကို အဓိက ထိန်းချုပ်တဲ့ လုပ်ပိုင်ခွင့် အခွင့် အာဏာကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနကို အပ်နှင်းတယ်လို့လည်း စစ်ကောင်စီက ကြေညာပါတယ်။

အလားတူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး ဒု-ဝန်ကြီးအဖြစ်ဆောင်ရွက်မယ့် ရွှေရည်ညွန်းဈေးသတ်မှတ်ရေးကော်မတီကိုလည်းဖွဲ့စည်းလိုက်ပါတယ်။

အဲ့ဒီကော်မတီ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ၁၅ ဦးပါဝင်မှာဖြစ်ပါတယ်။ ရွှေစျေး သတ်မှတ်ရေး ကော်မတီမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်မှာဖြစ်ပြီး ကော်မတီ၏ ဒု-ဥက္ကဋ္ဌအဖြစ် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတစ်ဦး၊ တွဲဘက်အတွင်းရေးမှူး ၂ ဦးနှင့်အဖွဲ့ဝင် ၁၀ ဦးပါဝင်ကာ နေ့စဥ် အွန်လိုင်းအစည်းအဝေးလုပ်ပြီး ရွှေစျေးကို သတ်မှတ်မှာဖြစ်ပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ ကော်မတီ အနေနဲ့ ရွှေစျေးနှုန်းမတည်ငြိမ်ဖြစ်စေဖို့ ရည်ရွယ်လုပ် ဆောင်မှုတွေနဲ့ ရွှေစျေး ငွေစျေး ကစားတွေကို ကာကွယ်တားဆီးတာတွေကိုပါ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကော်မတီ ဟာ ရွှေနဲ့ ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်း/မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့ တွေ နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာပါတယ်။

လက်ရှိ စစ်ကောင်စီက ကြေညာလိုက်တဲ့ အမိန့်အသစ်ရ ရန်ကုန်၊ မန္တလေးနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရွှေဆိုင်တွေ၊ ရွှေအရောင်းအဝယ် လုပ်သူတွေအနေနဲ့ စစ်ကောင်စီထံမှ ပြန်လည် လိုင်စင်လျှောက် ထားရမှာဖြစ်ပြီး လိုင်စင်ရလာရင်လည်း စစ်ကောင်စီက သတ်မှတ်တဲ့ ရွှေစျေးနဲ့သာ အရောင်းအဝယ်လုပ်ရမှာဖြစ်ပါတယ်။

လိုင်စင်မရှိဘဲ ရွှေဆိုင်ဖွင့်သူ၊ ရွှေအရောင်းအဝယ်လုပ်သူတွေကို အရေးကြီး ဝန်ဆောင်မှုနှင့် ကုန်စည်ဥပဒေ ပုဒ်မ ၅ အရ အနည်းဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိချမှတ်မယ့်အပြင် ငွေဒဏ်နဲ့ လိုင်စင်ပိတ်သိမ်းတာတွေပါ ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ရွှေဆိုင်များတွင် ကြိတ်ကြိတ်တိုး ဝယ် ယူ သူများဖြင့် ပြည့်နှက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article