24.9 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းမှာ ရွှေရောင်းဝယ်ရေးစျေးကွက်ကို အရေးကြီးဝန်ဆောင်မှု အဖြစ် ကြေညာပြီး သူ့လက်အောက်ခံ ဒုဝန်ကြီး ဦးဆောင်တဲ့ ရွှေစျေး သတ်မှတ်ရေး ကော်မတီဖွဲ့စည်း ပြီးတော့ နေ့စဉ် ရွှေစျေး သတ်မှတ်မှာဖြစ်တဲအပြင်၊ ရွှေဆိုင်နဲ့ ရွှေ အရောင်းအဝယ်အားလုံး လိုင်စင်ယူ ရမယ့် ထိန်းချုပ် အမိန့်ကိုပါ ထုတ်ပြန်လိုက်ပြီး မလိုက်နာရင် ထောင် ၃ နှစ်နဲ့ ငွေဒဏ်ရော ၊ လိုင်စင်ပါ သိမ်းမယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ၊ ဘီးလင်းမြို့မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ဗိုလ်မှူး လွင်ကိုကိုထွေး ဆိုသူဟာ ဖာပွန်မှာ ရိက္ခာထုတ်စစ်ကြောင်းကို ဦးဆောင်ရင်း တိုက်ခိုက်ခံရပြီး ပွဲချင်းပြီးကို သေသွားပြီး အလောင်း တောင်ပြန်မရတဲ့အပြင် သူ့ရဲ့ အသုဘ ဖိတ်စာမှာလည်း စစ်တပ် ရာထူးမထည့် ရဘူးလို့ မိသားစုနဲ့နီးစပ် သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးမြို့မှာ အကြမ်းဖက် မင်းအောင်လှိုင် မိသားစု ပိုင်တဲ့ မင်္ဂလာ မန္တလေးဟိုတယ်ကို လုံခြုံရေး တင်းကျပ်ထားတဲ့ ကြားက မြို့ပြတော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရှေ့ဒုံးက error ဖြစ်သွားတဲ့အတွက် မစ်ရှင်ပြန်ဆုတ်ခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article