31 C
Yangon

ခင်ဦးနှင့် ရေဦး အစပ်ရှိ ပင်စိမ်းခင်းနှင့် မုံလှရွာကို ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရပြီး ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ခင်ဦးနှင့် ရေဦး အစပ်ရှိ ပင်စိမ်းခင်းနှင့် မုံလှရွာကို ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရပြီး ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ပင်စိမ်းခင်းရွာနှင့် မုံလှရွာကို ဝါသဝ လက်အောက်ခံ ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်မှ စတင်ကာ မုံလှရွာနှင့် ပက်စိမ်းခင်းရွာကို ဝါသဝ လက်အောက်ခံ ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ထိမှန်ခဲ့ပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျမတို့ ပင်စိမ်းခင်းကို မနက် ၂ နာရီခန့် မှာ ဒရုန်းဗုံး ၃ လုံးချ တိုက်ခိုက်သွားတယ်။ သူတို့တိုက်ခိုက်တဲ့ နေရာက သာသနိက အဆောက်အဦးဖြစ်တဲ့ ဝါဆိုကျောင်းတိုက် ကို တိုက်ခိုက်သွားတာပါ။အဲလိုတိုက်ခိုက်လို့သံဃာတော် ၂ ပါး နဲ ပြည်သူ ၃ ဦး ပြင်ထန် ဒဏ်ရာရပြီး ဘုန်းကြီး ကျောင်း ညာဘက်ခြမ်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦး ကပြောဆိုသည်။

အဆိုပါ ပင်စိမ်းခင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်ကြောင်း၊ အလားတူ အိမ်ခြေ ၅၀၀ ကျော်ရှိ ခင်ဦးမြို့နယ်၊ မုံလှရွာကိုလည်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ ဝါသဝပျူစောထီးများက အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ခင်း အစောပိုင်း ၁ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ရွာကတော့ အတော်အထိခိုက်အပျက်စီး များတယ်။ ပျက်စီးတာက လူနေအိမ် ၃ လုံး ပျက်စီးတယ်။ နွား ၃ ကောင် ထိခိုက်သေဆုံးတာရှိတယ်။ ကျေးရွာနေ ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရ တယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဝါသဝ လက်အောက်ခံ ပျူစောထီးများသည် PDF တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းမရှိဘဲ သာမာန်အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article