26 C
Yangon

လောက်ကိုင်ကို ယနေ့ နံနက်အစောပိုင်း စစ်လေယာဉ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချသွားပြီး နမ့်ခမ်းမြို့ပေါ်ကိုလည်း လေကြောင်းဖြင့် ဗုံးများကျဲချ၊ စစ်ကောင်စီ၏ လေတပ်စခန်းများမှ လေယာဉ်များ ရှမ်းမြောက်ဘက်သို့ တောက်လျှောက်ပျံတက်နေ

Must read

လောက်ကိုင်ကို ယနေ့ နံနက်အစောပိုင်း စစ်လေယာဉ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချသွားပြီး နမ့်ခမ်းမြို့ပေါ်ကိုလည်း လေကြောင်းဖြင့် ဗုံးများကျဲချ၊ စစ်ကောင်စီ၏ လေတပ်စခန်းများမှ လေယာဉ်များ ရှမ်းမြောက်ဘက်သို့ တောက်လျှောက်ပျံတက်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA သိမ်းပိုက်ထားသော လောက်ကိုင်မြို့ကို ယနေ့ နံနက်အစောပိုင်း စစ်လေယာဉ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချသွားကြောင်း လောက်ကိုင်မြို့မှ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၀၀ နာရီ ၂၀ မိနစ်အချိန်နှင့် နံနက် ၀၀ နာရီ ၂၇ မိနစ်အချိန်တို့တွင် စစ်လေယာဉ်များဖြင့် လောင်ကိုင်မြို့ပေါ်သို့ ဗုံးများကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော သတင်းအချက်အလက်များအရ လေကြောင်းသတိပေးချက် ပြည်သူများသို့ ထုတ်ပြန်ထားပြီးဖြစ်၍ ပြည်သူအများစု တိမ်းရှောင်နေထိုင်ကြသောကြောင့် အထိအခိုက်သတင်းမကြားရသေးကြောင်း သိရှိရသည်။

အလားတူ နမ့်ခမ်းမြို့ပေါ်တွင်လည်း ယနေ့ နံနက်ပိုင်း လေယာဉ်များတောက်လျှောက်ပျံဝဲလျက်ရှိရာမှ နံနက် ၇ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်တွင် လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း သိရှိရသည်။

“တစ်မနက်လုံး လေယာဉ်က အခေါက်ခေါက်အခါခါ ပျံနေတာ။ အခုတော့ ဗုံးကျဲသွားပြီ။ ဘယ်နားကျဲလဲတော့မသိရသေးဘူး။ ပေါက်ကွဲသံက အရမ်းကိုကျယ်ပါတယ်။ မြို့ထဲဘက်နဲ့တော့ နည်းနည်းလှမ်းတယ်။ နမ့်ခမ်းတောင်ပေါ်ဘက်ထင်တယ်။ ၁၂ မိုင်တောင်ပေါ် ဖြစ်ဖို့များတယ်” ဟု နမ့်ခမ်းမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် လက်ရှိ တံတားဦးလေတပ်၊ နေပြည်တော်ဧလာ လေတပ် အပါအဝင် လေတပ်စခန်းများမှ လေယာဉ်များ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ တောက်လျှောက်တက်နေကြောင်း လေကြောင်း သတင်းအချက်အလက်များအရ သိရှိရသည်။

ယနေ့သည် အကြမ်းဖက်စစ်ကောင်စီကို အထိနာစေခဲ့သော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း စတင်ခဲ့သည့် ၁ နှစ်ပြည့် နှစ်ပတ်လည်လည်းဖြစ်သည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း လောက်ကိုင်မြို့ ဗုံးကျဲခံရပြီးနောက် သွားရောက်စစ်ဆေးမှုများလုပ်ဆောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article