28 C
Yangon

ကြို့ပင်ကောက်မြို့နယ်ရှိ အေးရွာလေးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ ဖျက်ဆီးနေ၊ တောင်ငူမြို့နယ်ရှိ တဲကြီးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ကြို့ပင်ကောက်မြို့နယ်ရှိ အေးရွာလေးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ ဖျက်ဆီးနေ၊ တောင်ငူမြို့နယ်ရှိ တဲကြီးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၈

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ အေးရွာလေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ကျော်ခန့်ကစ၍ ဇီးကုန်းမြို့နယ်အတွင်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှင့် ဒေသတွင်း ပျူစောထီးများ ပါဝင်သော ပူးပေါင်း စစ်ကြောင်းက အေးရွာလေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“၆ နာရီ ၁၀ မိနစ်လောက်ကနေ စပြီး ရှို့နေတာ ဇီးကုန်းကနေပြီးတော့ ကြို့ပင်ကောက်ကို ဝင်လာတဲ့ စစ်ကြောင်းရယ် ကြို့ပင်ကောက်က ကုန်းရွာ စစ်ကြောင်းရယ်ပေါ့။ အခုရွာကို မီးရှို့ဖျက်ဆီးနေတာက ကုန်းရွာနဲ့ ကွင်းချောင်းရွာ ပျူသောထီး ခေါင်းဆောင် စိုးမင်းနိုင်ပေါ့။ အဲ့ကောင်က ဦးဆောင်ပြီးတော့ အခုမီးရှို့နေတယ်လို့ သိရတယ်။ စိုးမင်းနိုင်က ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း လုပ်တယ်။ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်ပါ သူဦးဆောင်ပြီး မီးရှို့နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တောက်လျှောက် လိုက်လံ တိုက်ခိုက်နေ၍ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အထိနာနေသောကြောင့် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်ရှိချိန်တွင် အိမ်ခြေ ၁၅၀ ခန့်ရှိ အေးရွာလေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တဲကြီးကျေးရွာကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ် ၂ စစ်ဒေသက ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစ၍ တောင်ငူမြို့နယ် အနောက်ခြမ်း၊ ပဲခူးရိုးမအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် အမှတ် ၁ တပ်ရင်း၊ PDF တပ်ရင်း ၃၅၀၁ မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တဲကြီးကျေးရွာကို ပြန်လည် ဆုတ်ခွာလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တဲကြီးကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၂ စစ်ဒေသက ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article