31 C
Yangon

ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်း၊ သဲကျွန်းနှင့် ရွာသစ်ကုန်းကျေးရွာများကို အကြမ်းဖက်စစ်သားများ မီးတင်ရှို့၊ ယနေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၄၀၀ မီးလောင်ပြာကျ၊ ရွာပေါင်း ၁၉ ရွာမှ ပြည်သူ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့တောင်ဘက်ရှိ ဂွေးပင်ကုန်းရွာ၊သဲကျွန်းရွာနှင့် ရွာသစ်ကုန်းကျေးများကို အကြမ်းဖက်စစ်ကောင်စီ စစ်သားများသည် ယနေ့ မေလ ၁၂ ရက် နံနက်တွင် မီးတင်ရှို့နေခြင်းကြောင့် ယနေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၄၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

“မနေ့ညက စစ်သား ၂၀၀ လောက် ဂွေးပင်ကုန်းကို ဝင်တယ်၊ ဒီမနက် ၇ နာရီ ၄၅ မိနစ်မှာ မီးရှို့တယ်။ အခု အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ သဲကျွန်းရွာကို မီးရှို့နေပြန်ပြီ၊ ရက်ရက်စက်စက်ကို ရှို့နေတာဗျာ။ တောင်လေက တိုက်တော့ ရွာလုံးကျွတ် လောင်မှာပဲ။ ဂွေးပင်ကုန်း အိမ်ခြေ ၂၀၀၊ သဲကျွန်း အိမ်ခြေ ၁၀၀၊ ရွာသစ်ကုန်း အိမ်ခြေ ၁၀၀ ကုန်ပြီ။” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက် ခိုးယူဖျက်ဆီး မီးတင်ရှို့နေသည်မှာ ၁ ပတ်ကျော် ကြာမြင့်နေပြီဖြစ်သည်။

ရွှေဘိုမြို့နယ်တွင်းရှိ ကုလားမ၊ လက်ကောက်ကျ၊ ဟင်္သာကြီး၊ မခေါက်၊ မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ စခန်းသာ၊ ဂွေးပင်ကုန်း၊ ရွှေကျင်၊ ရွာသစ်ကုန်း၊ ငါးပိအိုး၊ သဲကျွန်း၊ ကံကြီးတော၊ မောင်းတပ်၊ တကန်သာ၊ ကြိုးကြာ၊ ဆည်ကြီး၊ ဇောက်ညမ်းကုန်း၊ ဟံလင်းမြို့ဟောင်း စသည့်ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ သောင်းနှင့်ချီထွက်ပြေး တိမ်းရှောင်နေကြရသည်။

“ရွာသားတွေက အကုန် အလွတ်ပြေးကြရတာ။ အဘိုး၊ အဘွားတွေ ကျန်ခဲ့တာတွေ ရှိတယ်၊ မီးထဲပါမလား မသိဘူးဗျာ။ ကျွဲ နွား ဆိတ် ဝက် ကြက်တွေလည်းအစာငတ်နေကြပြီ။ မိုးရွာလို့ မြေပဲ၊ ပဲစဥ်းငုံ၊ ပြောင်းတွေ သစ်စေ့ချရင်း စစ်သားတွေ မီးဝင်ရှို့လို့ အကုန်ချန်ပြီး ပြေးနေကြရပြီ” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article