30 C
Yangon

ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များသည် သေဂေလူကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်နိုင်ရန် အတွက် လက်နက်ကြီး ၂၈ လုံး ပစ်ခတ်ခဲ့ရာ သေဂေလူ ကျေးရွာအတွင်း လက်နက်ကြီး ၂၆ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ငနွားဆိပ်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ငနွားဆိပ်ကျေးရွာတွင် နေထိုင်သော အသက် ၄၀ နှစ်အရွယ် မလဲ့လဲ့ဝင်း နှင့် အသက် ၁၃ နှစ် အရွယ် မရတနာလင်း တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် သေဂေလူကျေးရွာ၊ ငနွားဆိပ့်ကျေးရွာနှင့် ဝဲတူးကျေးရွာ တို့မှ ပြည်သူ ၁၈၅၄ ဦးသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အခြေခံစားနပ် ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ရွှေဝါတပ်ရင်းမှ စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၈ လုံးဖြင့် နောင်ကုန်းကျေးရွာ အနီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article