လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၃၁
လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြများပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ တောင်းဆိုသည့် လှုပ်ရှားမှုကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများကို အဆုံးသတ်ရန် “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများနှင့် ချီတက်သပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။