ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် လူထုဟောပြောပွဲပြုလုပ်
ရန်ကုန်၊နိုဝင်ဘာ ၁
ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)အဖွဲ့၏ ပူးပေါင်းစီစဉ်ပေးမှုနှင့်အတူ တော်လှန်ရုပ်ရှင်ပြသခြင်း၊ လက်ရှိတော်လှန်ရေးအခြေနေများနှင့် လူထုဆက်လက်ပါဝင်သင့်သည့် လူထုသပိတ်တိုက်ပွဲများအကြောင်းကို မျှဝေခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပြည်သူများကို လေကြောင်းအန္တရာယ်၊ မိုင်းအန္တရာယ်အသိပညာများနှင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံသဘောတရားများကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။