32 C
Yangon

ရေစကြိုနှင့် ပေါက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

Must read

ရေစကြိုနှင့် ပေါက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများကို သံပြားကားဖြင့် ခေါ်ဆောင်လာစဉ် ရေစကြိုမြို့အထွက် ဘက်စုံခြံ အနီးအရောက်တွင် ပဒေသာမိုင်း ၅ လုံး မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာက ဘယ်လောက်ပါလဲ ဘယ်လောက်ထိလဲ မသိရဘူး။ သံပြားကာ ဖောကား အလုံပိတ် ကြီးနဲ့ဆိုတော့ ပြီးဘယ်တပ်ထဲဝင်သွားတာလဲ မသိရဘူးဖြစ်နေတယ်။ အဲဒီနေရာက အရမ်းလုံခြုံတဲ့ နေရာတွေဆိုတော့” ဟု ရေစကြို ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုအပြီး ရေစကြိုမြို့မရဲစခန်းအတွင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ထို့ပြင် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ထွက် လာသော အကြမ်းဖက်စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ နီပဆေးတော ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် ရှာဖွေမွှေနှောက်ကာ နံနက် ၉ နာရီအချိန်မှစ၍ နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ ထိုသို့ ပြည်သူ့နေအိမ်များ မီးရှို့နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၆၀ မမ လက်နက်ကြီး၊ ဒရုန်းများဖြင့် တနေကုန် ပစ်ခတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အရင်ဆုံးက ကျနော်ရဲဘော်ကင်းသမားတွေနဲ့ အရင်တွေ့တာ တွေ့တဲ့အချိန်ပစ်လိုက်တာ စစ်ခွေး တစ်ကောင်သေတယ်။ နောက်တော့ ရဲဘော်တွေ ပြန်ဆုတ်ပြန်ဆုတ်ပေးလိုက်ရတဲ့အချိန်မှာ နီပဆေး တောကျေးရွာအတွင်းဝင်သွားပြီး မီးရှို့တာ နေအိမ် ၁၅ လုံးလောက် မီးလောင်သွားတယ်။ ပြည်သူ တွေလည်း ဖမ်းသွားတာရှိတယ်။ ပြန်လွတ်လာတဲ့သူတွေလည်း ရှိတယ်လို့ ကြားတယ်။ အမျိုးသား တွေတော့ ဖမ်းခေါ်သွားတယ်လို့လည်း ကြားတယ်” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရဘဲ ညနေ ၄ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လင်းကတောနယ်မြေ ရဲစခန်းအတွင်းကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးများမှ PDF တပ်ရင်း ကင်းစခန်း တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ မှ ၂ နာရီ ၃၈ မိနစ် အထိ ပေါက်မြို့ နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးခေါင်းဆောင် ခင်မောင်ရီ ဦးဆောင်သော အင်အား ၁၀ ဦးခန့်မှ ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်း၏ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article